🥀Zawgyi🥀
' ခေါင် . . . အကုန်လုံးကိုသတ်ပစ်လိုက်ပါ '
အရှင့်မျက်လုံးထဲမှာ လက်ခနဲဖြစ်သွားပြီး စိတ်နဲ့လူနဲ့မ
ကပ်သလို ဓားကိုတချက်ဝှေ့ယမ်းလိုက်သည်။ထို့နောက် သုဝဠာနဲ့ ရဲမက်တွေဆီ တန်းတန်းမတ်မတ်ထွက်သွား
သည်။' ကေသရီဆိုတဲ့ငါက နင့်ထောင်ချောက်ထဲမှာ နှစ်ခါအမိခံမယ်ထင်နေလား သဒ္ဓါနဒီ '
ကေသရီရဲ့မျက်နှာပေါ်က အရွဲ့တိုက်လိုတဲ့မဲ့ပြုံးနဲ့အတူ
ဖြည်းဖြည်းချင်းထသည်။ကေသရီက လှေကားပေါ်မှမိဖုရားကို တည့်တည့်စိုက်ကြည့်နေသလို မိဖုရားကလည်း ကေသရီ့ကို ပြုံး၍ မထူးဆန်းတော့သလို ပြန်ကြည့်နေ
သည်။' အား . . . အား . . . '
စူးစူးဝါးဝါးအော်သံတွေကြောင့် ကေသရီ့ဆီကနေ မုဒြာ အကြည့်ပြန်လွှဲလိုက်ရသည်။အရှင်က သုဝဠာကို ကာ
ကွယ်နေတဲ့ ရဲမက်တွေကို တယောက်ပြီးတယောက် အ သိစိတ်ကင်းမဲ့စွာ သတ်ဖြတ်နေသည်။နောက်ဆုံးကျန်တဲ့ ကိုယ်ရံတော်နှစ်ယောက်နဲ့ ဒီပါက အ
ရှင့်ကို ခုခံနေရသည်။ထိုအချိန်ကို အခွင့်ကောင်းယူပြီး
သုဝဠာက မြေအောက်ခန်းထဲက ထွက်ပြေးရန် ကြိုးစားသဖြင့် မုဒြာ တွေ့ရာဓားကောက်ဆွဲပြီး သုဝဠာရှေ့မှ ပိတ်
ရပ်လိုက်သည်။' ဘယ်သွားမလို့လဲ အမတ်ကြီး '
' ကေသရီ့ကိုပြန်ခေါ်လာပြီဆိုတော့ ကျုပ်မသေအောင် ကျုပ် ကာကွယ်ရမယ် ... ရှေ့က ဖယ်စမ်း '
သူ့အတွက် အသက်ပေးခဲ့ရတဲ့လူတွေမှ အားမနာဘဲ
ထွက်ပြေးချင်တဲ့သုဝဠာရဲ့စိတ်ဓာတ်ကို မုဒြာ ရွံသွားသည်။မုဒြာ ဓားချင်းယှဉ်ပြီးတားပေမယ့် အားမမျှသည်က တ
ကြောင်း၊ လက်ကဒဏ်ရာတွေက တကြောင်း သူမကို
တွန်းလှဲပြီး သုဝဠာ စည်းအပြင်သို့ လွတ်မြောက်သွား
သည်။' ကျုပ်ကို လမ်းဖယ်ပေး မိဖုရား ... အမြန် '
' . . . . . '
' ကျုပ်ကိုကယ်ရင် အပြင်ရောက်တာနဲ့ မိဖုရားကို မိဖုရား
ခေါင်ကြီးအရာမြှောက်စားဖို့ ညီလာခံမှာပြောပေးမယ်။
ဖယ်ပေးစမ်းပါ ... အချိန်မရှိဘူး ... မိဖုရား ... '

أنت تقرأ
ကဝေပျိုရဲ့နှလုံးသား
خيال (فانتازيا)' စုန်းမဆိုတာ ကိုယ့်ကိုယုတ်မာတဲ့လူထက် ဆယ်ဆ ... ပြန်ကောက်ကျစ်စဉ်းလဲတတ်တဲ့ သတ္တဝါဆိုတာကို မေ့နေတာလား မိဖုရား ' ~မုဒြာ~ ' မုဒြာကဘယ်သူ့ကြင်ယာတော်မှ မဖြစ်စေရဘူး။မုဒြာကို ကျွန်ုပ်ပိုင်တယ်။သင်ကတော့ ဘယ်တော့မှ ပိုင်ဆိုင်မှာမဟုတ်ဘူး . . . လုံးဝပဲ မင်းသား ' ~ခ...