24th Heart

1.4K 163 10
                                    

🌙Zawgyi🌙

' ကျွန်မ ရှင့်ကို သတ်မယ် '

ထိုစကားလေးတခွန်းက သူ့ဘဝ...သူ့အိပ်မက်
အားလုံးကို တစစီကျိုးပဲ့ကြေမွသွားစေသည်။

သို့သော် ခေါင် မုဒြာလက်ကို ဆုပ်ကိုင်ထားဆဲ...

' ကျွန်မ သတိပေးခဲ့တယ်မလား...ကျွန်မချစ်တဲ့လူ
တွေကိုသတ်ရင် ရှင့်ကို ကျွန်မလက်နဲ့ ပြန်သတ်
မယ်လို့... '

နာကျည်းမှုနဲ့ အံကြိတ်ကာ တလုံးချင်းပယ်ပယ်
နယ်နယ်ပြောနေသည့် မုဒြာကတော့ ကွဲအက်
သွားတဲ့ နှလုံးသားတစုံကို မြင်မှာမဟုတ်။

' ရှင် ' ဆိုတဲ့နာမ်စားကို မုဒြာ တခါသုံးလိုက်တိုင်း
မုဒြာနဲ့ ကျွန်ုပ်ကို တလှမ်းပိုဝေးကွာသွားစေတာ
မုဒြာ သိရဲ့လား။

' ပထမဆုံးအကြိမ် ရှင် ဒီပါ့ကို သတ်ဖို့ ကြိုးစား
တယ်...ဒုတိယတကြိမ် ရှင် ကေသရီ့ကို မသေရုံ
တမယ် ဒဏ်ရာတွေပေးတယ် '

ဟုတ်ပါတယ်...ကျွန်ုပ် ကတိမတည်ခဲ့ဘူး...မုဒြာ
ချစ်တဲ့လူကို မထိခိုက်စေရပါဘူးဆိုတဲ့ ကတိကို
ချိုးဖောက်မိခဲ့တယ်...

' တတိယအကြိမ်... '

မုဒြာက စကားကိုခဏရပ်ပြီး ဆက်ပြောရန် အား
ယူနေသည်။

' တတိယအကြိမ် ရှင် ကျွန်မမိဘတွေကို သတ်
တယ်... '

သူ မနာတတ်တော့ပါ...ကျောပြင်မှ အနည်းငယ်
ထိုးမိထားတဲ့ ဒဏ်ရာကလည်း မနာသလို မုဒြာ
ရဲ့ ရန်ငြှိုးတွေ အမုန်းတွေ ရောယှက်နေတဲ့ အ
ကြည့်တွေကိုလည်း သူမနာကျင်တတ်တော့ပါ။

' နတ်ဆရာမကြီးပြောတာ သိပ်မှန်တယ်...ကျွန်မ
တို့နှစ်ယောက်က တယောက်ဘဝကို တ
ယောက် ဖျက်ဆီးဖို့ မွေးဖွားလာတာ...ဒီလိုသာ သွေးချောင်းစီးရမယ်ဆိုရင်...ကျွန်မတို့ နှစ်
ယောက်လုံးဝမချစ်ခဲ့သင့်ဘူး......... '

ထိုအမှန်တရားကို ပါးစပ်မှ ထုတ်ပြောချိန်မှာ
တော့ မုဒြာ ရင်ဘတ်တခုလုံး ဆုတ်ဖြဲခံရသလို
နာကျင်ရသည်။

မုဒြာတို့ဘာအမှားမှ မလုပ်မိဘဲနဲ့ လောကကြီး
က ဘာလို့ဒီလောက်တောင် ရက်စက်နိုင်ရတာ
လဲ။အပြစ်မရှိတဲ့ဘဝတွေကို ဘာလို့ မချိမဆံ့ ခံ
စားရအောင် လုပ်ရတာလဲ။

ကဝေပျိုရဲ့နှလုံးသားWhere stories live. Discover now