❤️Zawgyi❤️
မှောင်မိုက်သော လရောင်အောက်တွင် ကြီးကျယ်ခမ်းနားသော နန်းတော်ရင်ပြင်က ရွှေရောင်တလက်လက်ဖြင့် တောက်ပနေ
သည်။နန်းရင်ပြင်တစ်လျှောက်အစီအရီစိုက်ထားတဲ့ပန်းပင်များမှာ နွေဦး၏ညဥ့်အလှထဲတွင် အဖြူ ရောင်၊ပန်းနုရောင်၊ပန်းဆီ
ီရောင် အဖူးအပွင့်လေးများကို ဝံ့ကြွားကားစွင့်စွာပွင့်လန်းပေး
နေသည်။တစ်ခါက ပင်မနန်းဆောင်ခန်းမထဲတွင်နန်းတွင်းရေးရာများကို အတိုင်ပင်ခံကြသည့် အမတ်ကြီးများနှင့် အစောင့်အရှောက်မှူး
မတ်အချို့ကတော့ နန်းရင်ပြင်၌ သွေးချင်းချင်းနီနေသောဝတ်ရုံတို့ဖြင့်အလဲလဲအပြို ပြို ဇီဝိန်ခြွေခံထားရသည်။နောက်ဆုံးတော့ ရွှေနန်းတော်ထက်၌ သွေးချောင်းစီးခဲ့လေပြီ။ထိုစဉ် အလွန်တရာချောမောလှပသော လုံမပျိုလေးတစ်ဦးသည် ပန်းနုရောင်ပွင့်ဖတ်များကို နင်းခြွေလျက် နန်းရင်ပြင်မှ ကျောခိုင်းထွက်လာ၏။ပုလဲဖြူ ရောင်ဝတ်ရုံလွှာကိုဝတ်ဆင်ကာပိတုန်းရောင်ဆံကေသာကို နောက်တွင်ဖြန့်ချပြီး ကျော့ရှင်းပြေပြစ်သောကိုယ်ဟန်တို့မှာ ရွှေနန်းတော်မှ မိဖုရားတစ်ပါးကဲ့သို့ ကျက်သရေရှိလှသည်။
သို့သော် သူမရဲ့တင်းတင်းစေ့ထားသောနှုတ်ခမ်းများက နန်းရင်ပြင်တစ်လျှောက် သူမသတ်ခဲ့တဲ့မှူးမတ်လောင်းလျာများမှ သွေးစက်များအလား နီရဲစိုစွတ်နေသည်။သူမရင်ဘတ်တွင် စိုက်ဝင်နေသောဓားမှဒဏ်ရာကြောင့် အဖြူ ရောင်ဝတ်ရုံလေးမှာ တဖြည်းဖြည်းအနီရောင်သန်းလာသည်။နောက်ဆုံးတွင် သေလုမတတ်နာကျင်လာသောကြောင့် ပင်မနန်းဆောင်မရောက်ခင်မှာပဲ သူမခြေလှမ်းတို့ ရပ်တန့်လိုက်ရသည်။
' ကေသရီ . . . '
သာမန်လူသားတစ်ယောက်တွင် မရှိနိုင်သော ခန့်ညားတည်ကြည်သောရုပ်ရည်နှင့်လုလင်ပျို တစ်ဦးသည် သူမအနားသို့ ချဉ်းကပ်လာသည်။နာကျင်မှုအားလုံးရဲ့အဆုံးသတ်တွင် သူမဘဝရဲ့နောက်ဆုံးအပြုံးနှင့်အတူ သူမ ထိုလုလင်ကို လှည့်ကြည့်လိုက်သည်။လုလင်ပျို ရဲ့တောက်ပစူးရှတဲ့မျက်လုံးတွေက လရောင်အောက်တွင် ကြောက်မက်ဖွယ်ကောင်းသော်လည်း အတွင်းစိတ်က နူးညံ့နေပါသည်။
YOU ARE READING
ကဝေပျိုရဲ့နှလုံးသား
Fantasy' စုန်းမဆိုတာ ကိုယ့်ကိုယုတ်မာတဲ့လူထက် ဆယ်ဆ ... ပြန်ကောက်ကျစ်စဉ်းလဲတတ်တဲ့ သတ္တဝါဆိုတာကို မေ့နေတာလား မိဖုရား ' ~မုဒြာ~ ' မုဒြာကဘယ်သူ့ကြင်ယာတော်မှ မဖြစ်စေရဘူး။မုဒြာကို ကျွန်ုပ်ပိုင်တယ်။သင်ကတော့ ဘယ်တော့မှ ပိုင်ဆိုင်မှာမဟုတ်ဘူး . . . လုံးဝပဲ မင်းသား ' ~ခ...