20th Heart

1.5K 153 9
                                    

❄️Zawgyi❄️

' အမတ်ချုပ်ကြီးကို အရှင်က စကြ်ာနီအဖွဲ့ဝင်
တွေကို သတ်ဖို့ အမိန့်ပေးလိုက်ကတည်းက နင့်
ဘဝက အဆုံးသတ်သွားပြီ မုဒြာ '

ဒီနေ့တနေ့လုံး ထိုစကားပဲ ပြန်ကြားယောင်နေ
သဖြင့် မုဒြာ စိတ်ဖြောင့်ဖြောင့်နဲ့ မနေနိုင်။

မိဖုရားစကားသာ အမှန်ဆိုရင် အရှင်က မုဒြာနဲ့
ဒီပါ့ကိုသတ်ဖို့ အဖေ့ကို အမိန့်ပေးပြီးပြီ။အနှေးနဲ့
အမြန်တော့ မုဒြာက စကြ်ာနီအဖွဲ့ဝင်ဆိုတာကို
အဖေသိမှာပဲ။အဖေက သစ္စာရှိအမတ်ဖြစ်နေ၍ သမီးဖြစ်သူက ပုန်ကန်သူတယောက်မှန်း သိ
သွားခဲ့ရင် အဖေ့ရဲ့ဓားသွားက ဘယ်သူ့ဆီ ဦး
တည်မလဲဆိုတာ မုဒြာလည်းမပြောတတ်တော့။

အဖေက မုဒြာကို ချစ်သလောက် သူ့တိုင်းပြည်
ကိုလဲ ချစ်တယ်လေ။ကလေးဘဝတုန်းက
တောင် ဇာတာတခုကြောင့် သူမကိုသတ်ဖို့ကြိုး
စားဖူးတာပဲ။

ဟူးးး...မုဒြာ သက်ပြင်းရှည်တခုကို ချကာ မွှေ
လက်စ ဆေးရည်ခွက်ထဲမှ ဇွန်းကို ထုတ်လိုက်
သည်။ပန်းကန်လုံးမောက်မောက်ထဲမှ စိမ်းဖန့်
ဖန့်ညို ညစ်ညစ်အရည်တွေက သူတို့ကို မှော်ဝင်
တဲ့ဆေးရည်အဖြစ် ပြောင်းလဲပေးမယ့် မုဒြာကို
စောင့်စားနေကြသည်။

မုဒြာ မန္တာန်တခုကို တိုးတိုးလေးရေရွတ်ရင်း လက်ချောင်းလေးများနဲ့ ပန်းကန်လုံးပေါ်ဝှေ့ယမ်း
လိုက်သည်။ခဏချင်းပဲ ညိုညစ်ညစ်ဆေးရည်
တွေက ရေလို အကြည်ရောင်သို့ ပြောင်းလဲသွား
သည်။

' ဒီတခါလည်း အလုပ်ဖြစ်ပါစေ '

မုဒြာနှာခေါင်းဝမှစီးကျလာတဲ့သွေးတွေကို လက်
ခုံနဲ့ ပွတ်သုတ်ပြီးနောက် ထိုပန်းကန်လုံးထဲမှ
ဆေးရည်တွေကို တကျိုက်တည်း မော့သောက်
ပစ်လိုက်သည်။

' နင် ဒီလိုဆက်သောက်နေမယ်ဆိုရင် သေလိမ့်
မယ် '

အနောက်မှအသံကြောင့် မုဒြာ ဆတ်ခနဲ တုန်
သွားပြီး လှည့်ကြည့်လိုက်သည်။

' ကေသရီ '

တံခါးဝမှာရပ်နေတဲ့ ကေသရီက မုဒြာနားသို့
လျှောက်လာပြီး မုဒြာလက်ထဲမှ ပန်းကန်လုံးကို
ဆွဲယူလိုက်သည်။ပန်းကန်လုံးထဲမှ လက်ကျန်
ဆေးရည်တွေကို ငုံ့နမ်းကြည့်အပြီးမှာတော့ ကေသရီမျက်လုံးတွေက စိုးရိမ်ဒေါသထွက်စွာပြူး
သွားသည်။

ကဝေပျိုရဲ့နှလုံးသားDonde viven las historias. Descúbrelo ahora