14th Heart

1.7K 175 12
                                    

💐Zawgyi💐

' သခင်မလေး မသွားချင်ရင် ကျွန်တော်မျိုးမ ပြန်စကားပါးပေး
ပါ့မယ်။သခင်မလေး စိတ်မချမ်းမသာဖြစ်နေတာကို အထိန်း
တော်ကြီး မကြည့်ရက်ဘူး '

ကြေးမုံရှေ့တွင် မုဒြာကို အလှပြင်ပေးနေရင်း အထိန်းတော်
ကြီးက ပြောသည်။နှုတ်ခမ်းကိုအရောင်ဆိုးပေးတော့မယ့် အ
ထိန်းတော်ကြီးလက်တွေ ရပ်တန့်သွားသဖြင့် မုဒြာ သူမဘက်
လှည့်ပြီး ရွဲ့ပြောလိုက်သည်။

' မကြာခင်တော်ရမယ့် ခင်ပွန်းလောင်းနဲ့တွေ့ရမှာကို မုဒြာ ဘာ စိတ်မချမ်းမသာဖြစ်ရမှာလဲ အထိန်းတော်ကြီး။သူများကိစ္စကို ဝင်မပါ,ပါနဲ့...မဆိုင်သလိုပဲနေပါ '

မုဒြာ ဒေါသထွက်သွားပြီး အထိန်းတော်ကြီးကို ရိုင်းရိုင်းဆိုင်း
ဆိုင်းပြောမိသွားသည်။အထိန်းတော်ကြီး ငိုမဲ့မဲ့နဲ့ ခေါင်းငုံ့သွား
တော့ မုဒြာနောင်တရသွားပြီး လေသံကိုချိုသာအောင် ပြန်ပြင်
ပြောလိုက်ရသည်။

' ပြီးတော့...မုဒြာကို ကြက်သွေးရောင်ရဲရဲလေးဆိုးပေးပါ '

' ဟေ့...ကြက်သွေးရောင်က ကျွန်မကိုယ်ပိုင်အရောင်လေ။လူ
မှားရင် တာဝန်မယူဘူးနော် '

ကေသရီကဘေးနားမှခုံတွင်စာအုပ်ထိုင်ဖတ်ရင်း သူ့ပုံစံအတိုင်း
လိုက်မတုရန်ပြောသဖြင့် မုဒြာ မျက်စောင်းထိုးလိုက်သည်။

သူ့ရဲ့ ဆွဲဆောင်မှုရှိရှိ ညှို့ယူတတ်တဲ့ မျက်ဝန်းတွေနဲ့ အနီရင့်
ရောင်နှုတ်ခမ်းတွေက မုဒြာရဲ့နူးညံ့တဲ့မျက်ဝန်းတွေ၊ပန်းနုရောင်
နှုတ်ခမ်းတွေနဲ့မတူအောင်တမျိုးလှပတာတော့ မုဒြာဝန်ခံသည်။

' တော်ပြီ အထိန်းတော်ကြီး၊ သူ့ဟာမဆိုးတော့ဘူး။ဒီအရောင်
ပဲ... '

' ခေါင်နဲ့ ရန်ဖြစ်ထားတာလား '

မုဒြာက ဆိုးနေကျပန်းရောင်ဖျော့ဖျော့လေးကို လက်ညှိုးထိုးပြ
လိုက်ချိန်မှာပဲ ကေသရီ့အသံက ထပ်ထွက်လာပြန်သည်။

' ဘယ်လိုပြောလိုက်တာလဲ ကေသရီ၊ ဘယ်သူက ဘုရင်တပါးနဲ့
ရန်ဖြစ်ရဲမှာလဲ '

မုဒြာ ခပ်ရွတ်ရွတ်ပြောလိုက်ပြီး အလှပြင်ဆင်တာအဆုံးသတ်
လိုက်သည်။ကေသရီက စာအုပ်ကိုပိတ်ပြီး မုဒြာနားလျှောက်
လာသည်။

ကဝေပျိုရဲ့နှလုံးသားWhere stories live. Discover now