2nd Heart

4.3K 296 12
                                    

🥀Zawgyi🥀

ဆယ့်ကိုးနှစ်ကျော်ကြာသောအခါ ~~~

' ဖမ်း . . . ဖမ်းကြ '

' အဲ့ဒိလုံမပျို ကို မလွတ်စေနဲ့ . . . ဟား ဟား ဟား '

တောအုပ်ထဲတွင် မိန်းကလေးတယောက်ရဲ့နောက်ကို ယောက်ျားကြီးများကအုပ်စုလိုက် သည်းကြီးမည်းကြီးလိုက်နေကြသည်။ထိုမိန်းကလေးက ခေါင်းမှစကာ တကိုယ်လုံးဖုံးထားသော ဝတ်ရုံရှည်ကိုဝတ်ဆင်လျက် ရှေ့မှအားကုန်ထွက်ပြေးနေ
သည်။

အတန်ကြာပြေးလာပြီး တောနက်သောနေရာသို့ရောက်သောအခါ မိန်းကလေးက ဆက်မပြေးတော့ဘဲ ငြိမ်သက်သွားသည်။အနောက်မှလိုက်ရသည့် ယောက်ျားကြီးများမှ မောဟိုက်နေပြီ
ဖြစ်၍ အရှိန်သတ်သွားသည်။

' မောသွားပြီလားကွ . . . မိန်းမလှလေး '

' ခုလိုလိမ္မာမှပေါ့ကွာ ၊ လာ . . . ငါတို့နဲ့ ကစားရအောင် '

' မင်းမျက်နှာလေးကို မမြင်ရသေးဘူး ၊ ပြပါဦး . . . '

ယောက်ျားကြီးတယောက်က မိန်းကလေးရဲ့ဝတ်ရုံလှန်ကြည့်ဖို့ကြိုးစားသဖြင့် မိန်းကလေးက လက်ဖြင့် ပုတ်ထုတ်လိုက်သည်။မိန်းကလေးက ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိဘဲ ပြောသည်။

' တော်တော်အကြောက်အလန့်မရှိတဲ့လူတွေပဲ။ကျွန်မမျက်နှာကိုမြင်ရင် နောင်တရလိမ့်မယ် '

မိန်းကလေးက သူ့ဝတ်ရုံခေါင်းပိုင်းကို ဖြည်းဖြည်းချင်းလှန်ချလိုက်သဖြင့် ယောက်ျားကြီးများက စိတ်ဝင်တစားကြည့်သည်။ထို့နောက် သရဲမြင်လိုက်သလို ထိတ်လန့်သွားကြသည်။

' မင်း . . . မင်း . . . '

' စုန်းမ . . . စုန်းမ ကေသရီ . . . '

ယောက်ျားကြီးတွေ ကြောက်ရွံ့နေပုံကိုကြည့်ပြီး မိန်းကလေး
က ညစ်ကျယ်ကျယ်နဲ့ရယ်သည်။ထို့နောက် ယောက်ျားကြီးများဆီသို့ တလှမ်းချင်းတိုးကာ စဉ်းစားနေဟန်ဖြင့်လက်ကလေးက
မေးစေ့ကို တို့ထိလိုက်သည်။

' အင်း . . . ကျွန်မ ဒီနေ့လူသားမစားရသေးဘူး။ခြေတွေလက်တွေပဲ ဖြုတ်စားရင်ကောင်းမလား . . .( ဟင့်အင်းအသား
ကမည်းမည်းနဲ့ ရွံစရာကြီး)၊ ဒါမှမဟုတ်အသည်းကိုဖောက်စားရမလား ၊ တဒုတ်ဒုတ်ခုန်နေတဲ့ နှလုံးလတ်လတ်ဆတ်ဆတ်လေး
စားရင်ကောင်းမလား . . . '

ကဝေပျိုရဲ့နှလုံးသားWhere stories live. Discover now