16th Heart

1.6K 168 9
                                    

💗Zawgyi💗

' ရောက်နေတာကြာပြီလား မုဒြာ '

ပန်းဥယာဉ်ထဲကို ခုမှဝင်လာတဲ့ ဒီပါကို လှည့်ကြည့်ပြီး သူမ ပြုံး
ပြလိုက်သည်။

' မကြာသေးပါဘူး ဒီပါ '

' မုဒြာ နေပြန်ကောင်းခါစပဲ ရှိသေးတာကို ဘာလို့ ဒီကိုလာရ
တာလဲ။ကျွန်ုပ် မုဒြာအဆောင်ကို လာမှာပေါ့။ပြီးတော့ ကျွန်ုပ်
က . . . မုဒြာ ဒီဥယာဉ်ကိုမကြိုက်ဘူးလို့ ထင်နေတာ '

မင်းသားက စိတ်မကောင်းသည့်မျက်နှာနှင့် သူမနဲ့ ခပ်ခွာခွာရပ်
နေသည်။

' ပန်းတွေနဲ့ ဒီလောက်လှတဲ့ဥယာဉ်ကြီးကို ဘယ်မိန်းကလေး
က မကြိုက်ဘဲနေမှာလဲ ဒီပါရဲ့ '

သူမက အသံကိုချွဲချွဲနွဲ့နွဲ့ ပြောလိုက်သဖြင့် မင်းသားအံ့သြသွား
သည်။သူမဆံပင်ကို လက်ညှိုးနဲ့လိမ်ဆော့ရင်း သူမနှုတ်ခမ်းတ
ဖက်ကို ကော့တက်သွားအောင် ပြုံးလိုက်သည်။မင်းသားက သူ
မ အမူအရာတွေကို သေချာစိုက်ကြည့်နေသည်။

' ဒီပါ့ကို မေးစရာရှိတယ်။ဒါပေမယ့် ဘယ်သူမှကြားလို့ မဖြစ်လို့
ဒီဥယာဉ်ကြီးထဲမှာ သီးသန့်စကားပြောဖို့ ခေါ်လိုက်တာ '

သူမ မျက်ဝန်းတွေကို ဆွဲဆောင်မှုရှိရှိ ပင့်ကြည့်လိုက်ပြီး မင်း
သားနဲ့ အကြည့်ချင်းဖလှယ်လိုက်သည်။သူမ မင်းသားဆီမှ အ
ကြည့်မလွှဲဘဲ ချဉ်းကပ်လာပြီး တော်တော်နီးနီးရောက်တော့မှ
မျက်နှာချင်းဆိုင်ရပ်လိုက်သည်။

' ကျွန်မမေးသမျှကို မင်းသား အမှန်အတိုင်းဖြေရမယ်နော် '

မင်းသားရဲ့ မည်းနက်နေတဲ့မျက်ဝန်းတွေကို သေချာစိုက်ကြည့်
ပြီး သူမ စိတ်ညှို့လိုက်သည်။မင်းသားက ချက်ချင်းအမိန့်နာခံ
တတ်တဲ့ ခွေးလေးလို မှင်သက်သွားသည်။

' အမှန်အတိုင်းပဲ ဖြေပါ့မယ် မုဒြာ '

' ဟိုနေ့က မိဖုရား အသက်အန္တရာယ်ကနေ ဘယ်လိုလွတ်
မြောက်လာတာလဲ '

' အစ်မတော်ဝတ်ထားတဲ့ လက်စွပ်ကြောင့်ပါ '

' အဲ့ဒိလက်စွပ်မှာ အစွမ်းရှိလို့လား '

ကဝေပျိုရဲ့နှလုံးသားTahanan ng mga kuwento. Tumuklas ngayon