💔Zawgyi💔
' မယ်...အဖေ...သမီး ဒီကထွက်သွားတော့မယ်။နောက်
မယ်တို့ဆီ လာလည်နိုင်မှာ မဟုတ်တော့ဘူး 'တောစပ်နားက မြေပုံမို့မို့နှစ်ခုကို လက်နဲ့ပွတ်သပ်ရင်း
မုဒြာ ပြောမိသည်။တကယ်တမ်း ခွဲခွာရမယ်ဆိုတော့ မုဒြာ သံယောဇဉ်မပြတ်နိုင်တဲ့အရာတွေက များပြားကြောင်းသိလိုက်ရသည်။ခေါင်နဲ့စတွေ့တဲ့ ရေကန်လေးရယ်၊တောထဲမှာ ပုန်းလျှိုး
ကွယ်လျှိုးနေခဲ့ရချိန်က မုဒြာရဲ့အိမ်လေးရယ်၊ အဖေ့ရဲ့
အိမ်တော်ရယ်၊ နန်းတော်ထဲက စာဖတ်တော်အဆောင်
လေးရယ်၊ မိဖုရားခေါင်ကြီးဖြစ်စဉ် ခဏနေလိုက်ရတဲ့
မြောက်နန်းစံအဆောင်ရယ်၊ ခေါင့်နန်းဆောင်ရယ်... နန်းရင် ပြင်က ချယ်ရီပင်တန်းရယ်.........ထိုနေရာတိုင်းက မုဒြာရဲ့ဘဝတစိတ်တနေရာမှာ ခမ်းနားစွာ ပါဝင်ခဲ့ကြသည်။ထိုနေရာက အမှတ်တရတွေကို ခွဲခွာ
မေ့ပစ်ဖို့ဆိုတာက တော်တော်ကြီး အသည်းနှလုံးမရှိတဲ့လူမှသာ လုပ်နိုင်လိမ့်ည်။ဆိုးတာက မုဒြာလည်း အသည်းနှလုံးနဲ့လေ...အဖေနဲ့ မယ်လဲလျောင်းရာ မြေပုံတွေကို နောက်ဆုံးတ
ကြိမ် လွမ်းဆွတ်တမ်းတစွာကြည့်လိုက်ပြီး မုဒြာ ပြန်ရန်အ ထ ...' မိဖုရားကြီး.........မုဒြာ...... '
မုဒြာ ရှေ့သို့ အထိန်းတော်ကြီးက စာအိတ်တအိတ်ကို
ကိုင်၍ ပြေးလာသည်။မုဒြာအနားရောက်မှ အသက်ဝဝရှူ
ပြီး စာအိတ်ကို လှမ်းပေးသည်။' သမီး ဒီမှာရှိနေမယ်လို့ အထိန်းတော်ကြီးထင်သားပဲ...ဒီမှာ...မိဖုရားလေးပေးခိုင်းလိုက်တာ...အရေးကြီးတယ်တဲ့ '
မိဖုရားလေးဆိုတာနဲ့ မုဒြာ စာအိတ်ကို ချက်ချင်းဖောက်
ကြည့်လိုက်သည်။စာထဲမှ အမှန်တရားတချို့က မုဒြာရဲ့
ထွက်သွားမယ့်အစီအစဉ်ကို ဖျက်ဆီးရန် စောင့်ကြိုနေခဲ့ သည်။" မင်း ထင်သလိုပါပဲ ... အမတ်ချုပ်ကြီးကိုသတ်တာ အ
ရှင် မဟုတ်ဘူး ... အဲ့ဒိနေရာကို ကျွန်မအရင်ရောက်သွားခဲ့တာ ... ကေသရီက စကြ်ာနီအဖွဲ့ဝင်ဆိုတာကို အမတ်
ချုပ်က ဖုံးကွယ်ပေးတဲ့အတွက် ဖမ်းဖို့ လာခေါ်တာ ... ဒါ
ပေမယ့် သူကဝန်မခံတော့ အရှင် တခါပြောဖူးတဲ့အမိန့်ကို အသုံးချပြီး ချက်ချင်းကွပ်မျက်ခိုင်းလိုက်တာ ... ဖြစ်ချင်
တော့ မင်းအမေက အမတ်ချုပ်အစား ဓားကိုဝင်ခံလိုက်
တယ်လေ ... မင်းအမေ လဲကျသေဆုံးသွားချိန်မှာပဲ ကျွန် မကိုယ်တိုင် အမတ်ချုပ်ကို ဓားနဲ့ ထိုးခဲ့တယ် ... မင်းအဖေက တော်တော်တော့ ခေါင်းမာတယ် ... သူ့သခင် လက် ထဲကလွဲပြီး အသေမခံနိုင်ဘူးဆိုပြီး တောင့်ခံထားတာ...အဲ့ဒိအချိန်မှာ အရှင် ရောက်လာတယ် ... နောက်တော့
မင်းအဖေ စိတ်တိုင်းကျ အရှင်ကိုယ်တိုင် အဆုံးသတ်ပေးခဲ့တယ် ... ပြောချင်တာက အမတ်ချုပ် သေတဲ့ကိစ္စရဲ့ တ ရားခံက အရှင်မဟုတ်ဘူး ...အထင်မလွဲပါနဲ့တော့... ပြီး
တော့ မင်း အရှင့်ကို စိတ်ညှို့ထားတယ် မဟုတ်လား ... အခု အရှင်က ဒဏ်ရာရထားတဲ့ ကျားနာတကောင်လိုပဲ အရမ်း သွေးအေးရက်စက်လာတယ် ... အကုန်လုံးကို ဓားကျိန်းကျိန်းထားတယ် ... နန်းတော်ထဲမှာ မင်းကြောင့်
သွေးချောင်းမစီးစေချင်ရင် အရှင့်ကို အမြန်လာတားပါ ... အော် ... ပြီးတော့ စာအိတ်ထဲမှာ မင်းဖို့ လက်ဆောင်ပါ
တယ် '

VOUS LISEZ
ကဝေပျိုရဲ့နှလုံးသား
Fantasy' စုန်းမဆိုတာ ကိုယ့်ကိုယုတ်မာတဲ့လူထက် ဆယ်ဆ ... ပြန်ကောက်ကျစ်စဉ်းလဲတတ်တဲ့ သတ္တဝါဆိုတာကို မေ့နေတာလား မိဖုရား ' ~မုဒြာ~ ' မုဒြာကဘယ်သူ့ကြင်ယာတော်မှ မဖြစ်စေရဘူး။မုဒြာကို ကျွန်ုပ်ပိုင်တယ်။သင်ကတော့ ဘယ်တော့မှ ပိုင်ဆိုင်မှာမဟုတ်ဘူး . . . လုံးဝပဲ မင်းသား ' ~ခ...