7th Heart

2.4K 190 9
                                    

✨Zawgyi✨

' ကြာလိုက်တာ ခေါင်ရယ် '

ခေါင်ရောက်လာမှပဲ ကေသရီ နာကျင်တဲ့ကြားက သက်ပြင်းချ
နိုင်တော့သည်။

' ဦးရီးတော် မုဒြာကို ထိခိုက်အောင်လုပ်တာ များနေပြီနော်။
နောက်တခါဆိုရင် ကျွန်ုပ်လုံးဝခွင့်မလွှတ်ဘူး '

' မင်းကိုယ်မင်း သတိထားစမ်းပါ တူတော်....ဒါမင်းသိတဲ့ မုဒြာ
မဟုတ်ဘူး...ကေသရီ... '

ဒီပါဝံသမင်းသားက အမတ်ကြီးသုဝဠာနဲ့ စကားအချေအတင်
များနေသည်။ဘုရင်တပါးလုံး ရှေ့မှာထားပြီး မလေးမစားလုပ်
နေသည့် သုဝဠာကို ခေါင်က ဒေါသထွက်လာပုံရသည်။

' မုဒြာဖြစ်ဖြစ် ကေသရီဖြစ်ဖြစ် သူမက ဘုရင့်စာဖတ်တော်ဆို
တာကို မမေ့ပါနဲ့ သုဝဠာ။ဘုရင့်သစ္စာခံအမှုထမ်းကို ထိခိုက်စေ
တာနဲ့တင် သင့်ကို အပြစ်ပေးလို့ရနေပြီ...သင် ကေသရီ့ကို အ
သက်အန္တရာယ်ပေးဖို့ထပ်ကြိုးစားရင် ဒီတခါ ကျွန်ုပ်ငြိမ်ခံနေမှာ
မဟုတ်ဘူး အမတ်ကြီး '

' ကျုပ်ကလည်း ကျုပ်လိုချင်တာ မရမချင်း လက်မလျှော့ဘူးဆို
တာ ဘုရင်မင်းမြတ်သိထားလိုက်ပါ '

သုဝဠာက ဘာလိုချင်တာလဲ. . . သူ မုဒြာဆီက ဘာကိုအသည်း
အသန်လိုချင်နေရတာလဲ . . .

သူမ ရုတ်တရတ်အားပြတ်သလို ခံစားရသဖြင့် ခေါင့်လက်ကို
ဆုပ်ကိုင်လိုက်သည်။

' ဘာဖြစ်လို့လဲ...ကေသရီ '

သူမ နားတွေအူပြီး ခေါင်းထဲမူးလာသည် . . . ထို့နောက် မိုက်ခ
နဲ သတိလစ်သွားပြီး ခေါင့်ဆီမှ သူမလက်ပြုတ်ကျသွားသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

ခေါင်းထဲ ချာချာလည်မူးလိုက်တာ . . . တကိုယ်လုံးလည်း တ
ဆစ်ဆစ်နဲ့နာနေတယ် . . . ငါ ဘယ်ရောက်နေတာလဲ . . .

မျက်လုံးကို အားယူဖွင့်ကာ ကြည့်လိုက်တော့ ဒါသူမနေတဲ့ အ
ဆောင် ပြန်ရောက်နေမှန်းသိလိုက်သည်။မြင်ကွင်းက ဝေဝါးနေ
ပြီး အိပ်မက်လိုလို အငွေ့အသက်မျိုး။

လက်မှ နွေးထွေးတဲ့ခံစားမှုကြောင့် သူမနံဘေးကို လှမ်းကြည့်
လိုက်သည်။သူမလက်ကို ဆုပ်ကိုင်ကာ ထိုင်နေသည့် လူတစ်
ယောက် . . . အရှင် ပါလား . . .

ကဝေပျိုရဲ့နှလုံးသားWhere stories live. Discover now