💕Zawgyi💕
' မုဒြာ... '
မုဒြာရဲ့ဆံနွယ်လေးတွေကို ပွတ်သပ်ရင်း တိုးညှင်းစွာ ခေါ်လိုက်မိသည်။
ချယ်ရီပင်တန်းမှ ချယ်ရီပွင့်တွေက သနားစရာကောင်းတဲ့
သူတို့နှစ်ယောက်အပေါ်ကို ပိုလွမ်းမောဖွယ်ဖြစ်အောင်
ကြွေကျနေသည်။လမင်းကြီးကတော့ တဖြည်းဖြည်း နဂိုမူလအဖြူရောင်သို့ ပြန်ပြောင်းသွားလေပြီ။မုဒြာရဲ့ ရင်ဘတ်
မှ သွေးတွေတောင် စေးပိုင်ခြောက်ကပ်နေပြီလေ။သူ မုဒြာကိုပွေ့ဖက်ရင်း ဒီအတိုင်းလေးပဲ ရပ်နေတာ ဘယ်
လောက်ကြာပြီလဲမသိတော့။သူ အချိန်တွေကို မရေတွက်
ချင်ပါ။မုဒြာ သေသွားတာ ဘယ်လောက်ကြာသွားပြီလဲဆိုတာမှ သူမသိချင်တာ။မုဒြာ မရှိတော့ဘူးဆိုတာ သူမှအသိ
အမှတ်မပြုချင်တာ။သူ့ရင်ခွင်ထဲက မုဒြာကလွဲပြီး တခြားဘာကိုမှ ဂရုမစိုက်
ချင်တော့ပါ။အခုချိန် ကောင်းကင်ကြီးပြိုကျလာရင်တောင် မုဒြာကို သူလွှတ်ပေးမှာမဟုတ်။သူပါ အသေခံမည်......ဘာလို့လဲဆိုတော့ မုဒြာကို ဒီလိုဖြစ်အောင်လုပ်တာ သူ
ကိုယ်တိုင်ပဲလေ။ဒီမိန်းကလေးတစ်ယောက်ကိုတောင်မှ မကာကွယ်ပေးနိုင်တဲ့ သိင်္ခမင်းခေါင်ဆိုတဲ့ကောင်က သေသင့်တယ် မဟုတ်လား။' အရမ်းချစ်တယ်.........ခေါင် '
မုဒြာပြောခဲ့တဲ့ နောက်ဆုံးစကားတခွန်းက သူ့ကိုချစ်တယ်
တဲ့...' အား...ကျွန်ုပ်ရူးတော့မယ်ထင်တယ် မုဒြာရယ် '
သူရူးတစ်ယောက်လို မုဒြာကိုဖက်ပြီး ငိုနေတဲ့သူ့ပုံကို မုဒြာ
တွေ့ရင် ဘယ်လိုများနေမလဲ။သူ့ကို သတ်လို့ မုန်းနေမလား။ဒါမှမဟုတ် မုဒြာပြောခဲ့သလို သူ့ကိုဆက်ချစ်နေဦးမှာလား...မုဒြာရဲ့ခန္ဓာကိုယ်လေးကို ပွေ့ဖက်ရာမှ အနည်းငယ်ခွာ
လိုက်ပြီး မုဒြာမျက်နှာလေးကို သူကြည့်တော့ မုဒြာရဲ့ဖြူ
စင်တဲ့မျက်နှာလေးက အိပ်ပျော်နေတဲ့အတိုင်းပဲ အပြစ်
ကင်းစင်လျက်။မုဒြာလည်ပင်းကို အမှတ်တမဲ့ကြည့်မိတော့ လည်ဆွဲမှ
ကျောက်တွေတောင် ကျိန်စာပြီးသွားလို့လားမသိ မည်း
ညစ်ညစ်အရောင်သို့ ပြောင်းနေသည်။

VOCÊ ESTÁ LENDO
ကဝေပျိုရဲ့နှလုံးသား
Fantasia' စုန်းမဆိုတာ ကိုယ့်ကိုယုတ်မာတဲ့လူထက် ဆယ်ဆ ... ပြန်ကောက်ကျစ်စဉ်းလဲတတ်တဲ့ သတ္တဝါဆိုတာကို မေ့နေတာလား မိဖုရား ' ~မုဒြာ~ ' မုဒြာကဘယ်သူ့ကြင်ယာတော်မှ မဖြစ်စေရဘူး။မုဒြာကို ကျွန်ုပ်ပိုင်တယ်။သင်ကတော့ ဘယ်တော့မှ ပိုင်ဆိုင်မှာမဟုတ်ဘူး . . . လုံးဝပဲ မင်းသား ' ~ခ...