5th Heart

2.8K 219 6
                                    

🌺Zawgyi🌺

ပန်းတွေဝေဝေဆာဆာပွင့်နေတဲ့ သစ်ပင်အောက်မှာ အဖြူ ရောင်ဝတ်စုံနဲ့ မုဒြာက . . . ရင်ဘတ်မှာ သွေးတွေနဲ့ ...

တောက်ပစူးရှနေတဲ့မျက်လုံးတစုံနဲ့ လူတဦးက မုဒြာနားသို့ တိုး
လာသည် . . .

ထိုလူကို မုဒြာလက်ထဲမှ ဓားနှင့်ရင်ဝတည့်တည့် ထိုးစိုက်လိုက်
သည် . . .

မုဒြာစိတ်ထဲတွင် ပေါ်လာတဲ့မှတ်ဥာဏ်အပိုင်းအစအချို့ကြောင့် ခေါင်းထဲတွင်ကျဉ်ခနဲဖြစ်သွားသဖြင့် ကျန်တဲ့လက်တဖက်ဖြင့် မုဒြာ ခေါင်းကိုထိန်းကိုင်ထားရသည်။

' မုဒြာပါဝင်တဲ့မှတ်ဥာဏ်အားလုံး မေ့စေ . . . '

ဘုရင့်ကို မှတ်ဥာဏ်အမြန်ဖျောက်ပြီး မုဒြာလက်ညှိုးကို ပြန်ရုတ်
လိုက်ချိန်တွင် ဘုရင် မုဒြာလက်ကိုလှမ်းဆွဲလိုက်သည်။သူ့အနား
သို့ရုတ်တရတ်ဆွဲယူလိုက်သဖြင့် မုဒြာ ထိတ်လန့်မှင်သက်သွား
သည်။ဘုရင်က မုဒြာကိုစူးစမ်းတဲ့အကြည့်နဲ့စိုက်ကြည့်နေသည်။

' မင်းဘာလုပ်နေတာလဲ . . . မုဒြာ . . . '

' ဟင် . . . '

သိင်္ခမင်းခေါင်ဘုရင်ကို အံ့သြစွာနဲ့ မုဒြာကြည့်လိုက်သည်။အခု မုဒြာလို့ခေါ်လိုက်တာလား။ဒါဆို သူ့မှတ်ဥာဏ်တွေ မပျောက်
သေးဘူးပေါ့။အဲ့ဒါထက် ဘုရင်ကခွင့်မပြု ဘဲ လက်ရဲဇက်ရဲ နဖူး
ကိုထိလိုက်တဲ့ကိစ္စကို ဘယ်လိုလုပ်ကြမလဲ ဒုက္ခပါပဲ . . .

' အား . . . '

မုဒြာ နာကျင်ဟန်ဆောင်ပြီး မျက်လုံးကိုအတင်းမှိတ်ကာ ကြမ်း
ပြင်ပေါ်သို့ လဲကျချင်ယောင်ဆောင်လိုက်သည်။ဘုရင်က သလွန်
ပေါ်က ချက်ချင်းပြေးဆင်း၍ မုဒြာကို ဆွဲထူလိုက်သည်။

' မုဒြာ . . . မုဒြာ ဘာဖြစ်သွားတာလဲအပြင်က ရဲမက်တွေ သမားတော်ကို ခေါ်ခဲ့စမ်း '

ဘုရင်က မုဒြာကို စိတ်ပူစွာ ငုံ့ကြည့်သဖြင့် မုဒြာ အသက်ပါ
အောင့်ထားလိုက်ရသည်။အပြင်မှ ဝရုန်းသုန်းပါး အခြေအနေ
ကြောင့် ဘုရင်ကမျက်နှာပြန်လွှဲလိုက်ပြီး အထိန်းတော်ကြီးက အဆောင်တော်ထဲ အလန့်တကြားဝင်လာသည်။

ကဝေပျိုရဲ့နှလုံးသားWhere stories live. Discover now