9th Heart

2K 171 4
                                    

💌Zawgyi💌

' အစ်ကိုတော် နန်းစွန့်ပေးပါ။ကျုပ် အကြမ်းနည်းမသုံးချင်ဘူး '

မုဒြာရှေ့တွင် ဒေါသစိတ်မွှန်ပြီးဓါးရှည်ကိုရွယ်ထားတဲ့ ညီတော်
ဖြစ်သူနဲ့ ဘုရင်မင်းတရားတပါးလိုဝတ်စားထားတဲ့ အစ်ကို
တော်တို့ စကားများနေကြသည်။မုဒြာ ထိုလူနှစ်ယောက်ကို မ
မြင်ဖူးပေမယ့် ရင်းရင်းနှီးနှီးသိသလို ခံစားရသည်။အထူးသဖြင့်
သဘောကောင်းပုံရတဲ့ ဘုရင် . . .

' ထီးနန်းဆိုတာ တက်ချင်တိုင်းတက် စွန့်ချင်တိုင်းစွန့်လို့ရတဲ့ က
စားစရာ မဟုတ်ဘူး။မင်း ငါ့ကိုသတ်ရင် အသိတရားမရှိတဲ့ လူ
မိုက်ဖြစ်သွားလိမ့်မယ် ညီတော်သုဝဠာ '

မုဒြာသေချာပြန်ကြည့်လိုက်မှ ညီတော်ဖြစ်သူက သုဝဠာနဲ့တူ
သား။ဒါဆို ဘုရင်က ဒီပါ့ခမည်းတော်ပေါ့။

' လူမိုက်ဖြစ်လည်း ဂရုမစိုက်ဘူး။ကျုပ် ထီးနန်းရမှဖြစ်မယ်။ကျုပ်
ကို ခွင့်မလွှတ်ပါနဲ့ အစ်ကိုတော် '

ညီတော်က ဓားနဲ့ဝှေ့ယမ်းလိုက်ချိန်မှာ မုဒြာခန္ဓာကိုယ်က သူ့
သာသူ ဘုရင့်ရှေ့တွင်ဝင်ကာပြီးသားဖြစ်သွားသည်။မုဒြာ
ကိုယ့်ကိုကိုယ် ထိန်းချုပ်လို့မရဘဲ အလိုလိုလှုပ်ရှားနေသည်။မုဒြာ
အစွမ်းနဲ့ မုဒြာတို့ဆီ ဓားမထိအောင် အကာအကွယ်လုပ်လိုက်
သည်။

' မင်း ဝင်မရှုပ်နဲ့ စုန်းမ ... သူ့ကို ငါ့ရှေ့ကဖယ်လိုက်စမ်း '

မုဒြာ ရုတ်တရတ်ဆောင့်တွန်းခံလိုက်ရသလို နံရံသို့ပစ်တိုက်ခံရ
ပြီး လဲကျသွားသည်။မုဒြာ အရိုးတွေကြေမွသွားသလို နာကျင်
သွားသည်။

ဒါ စုန်းအတတ်ပဲ...ဒီအခန်းထဲမှာ သူမအပြင် နောက်ထပ်စုန်း
တစ်ယောက်ရှိနေတယ်။သူမထင်တဲ့အတိုင်းပဲ သုဝဠာအနောက်
မှ လူတယောက်က လက်အမူအရာက သူမကိုထိန်းချုပ်ထား
သည်။ဘယ်သူလဲဆိုတာတော့ သဲသဲကွဲကွဲမမြင်ရ။

' မင်း အပျိုတော်ကေသရီကို မထိနဲ့ '

ဘုရင်က သုဝဠာကို ဒေါသတကြီးလှမ်းပြောသည်။အပျိုတော်
ကေသရီ ဟုတ်လား...ဒါဆို သူမကေသရီ့ခန္ဓာကိုယ်ထဲရောက်
နေတာပေါ့။

ကဝေပျိုရဲ့နှလုံးသားOnde histórias criam vida. Descubra agora