27th Heart

3K 189 12
                                    

🥀Zawgyi🥀

' ဟော...ခေါင် လာပြီ '

မိဖုရားခေါင်နန်းဆောင်ရှေ့မှာ ဖြတ်လျှောက်နေတဲ့ ခေါင့်ကိုလည်းမြင်ရော ချက်ချင်းကြေးမုံကိုပြေးကြည့် ဆံပင်ကိုသပ်သပ်ရပ်ရပ်ပြန်ပြင် နှုတ်ခမ်းနီပါးပါးလေးထပ်ဆိုးရင်း မုဒြာ အလုပ်ရှုပ်နေသည်။

မုဒြာ ပြင်လို့ဆင်လို့ပြီးသွားတော့ အိနြေ္ဒပြန်ဆည်ပြီး စာ
အုပ်လေးတအုပ်ကောက်ဖွင့်ကာ ခေါင့်ကို စောင့်နေလိုက်
သည်။အထိန်းတော်ကြီးကတော့ တံခါးဝမှာချောင်းရင်း မု
ဒြာကို အချက်ပြရန် အသင့်အနေအထားနဲ့ ချောင်းနေ
သည်။

' အထိန်းတော်ကြီး ရောက်တော့မှာလား '

မုဒြာ စိတ်မရှည်ဘဲ တိုးတိုးလေးလှမ်းမေးလိုက်သည်။တ
ကယ်ဆို ခေါင့်ကိုတွေ့ချင်လွန်းလို့ မုဒြာပဲပြေးတွေ့လိုက်
ချင်သည်။ဒါပေမယ့် မုဒြာ သတိရလာလာချင်း တွေ့လိုက်
ရတာကလွဲလို့ ခေါင်က မုဒြာကို သတင်းလည်းလာမမေး၊
လာလည်းမတွေ့။မုဒြာကလည်း ဒါမျိုးဆို အောက်ကျခံပြီး
သွားမတွေ့ချင်။

နေမကောင်းတဲ့လူကို ပစ်ထားတဲ့ အကျင့်မကောင်းတဲ့လူ
ကြီးကို စိတ်ကောက်ပြီး ပညာပေးချင်သေးတယ်လေ။နေပ
လေ့စေ...ဟန်လေးပန်လေးနဲ့ စောင့်ပြီး ခေါင့်ကို ပြန်နှိပ်
စက်ဦးမယ်။

' လာပြီ...လာပြီ...အမ်... '

' ဘာဖြစ်လို့လဲ အထိန်းတော်ကြီး '

' ပြန်ကွေ့သွားတယ်တော့ '

' ဟင် '

မုဒြာ ကမန်းကတန်းထလိုက်ပြီး အထိန်းတော်ကြီးနဲ့အတူ
တံခါးဝမှာ လိုက်ချောင်းတော့ မုဒြာရဲ့အဆောင်ကိုကျော်
ပြီး တခြားအဆောင်ဘက်ကို ကွေ့သွားတဲ့ခေါင့်ကို တွေ့
လိုက်ရသည်။

' တောက်... '

ဘေးနားမှ တောက်ခေါက်သံပြင်းပြင်းကြောင့် အထိန်း
တော်ကြီး လန့်တုန်သွားသည်။သခင်မလေးက မျက်
မှောင်ကျုံ့ပြီး ဘုရင်မင်းမြတ်ထွက်သွားတာကို သေချာ
စိုက်ကြည့်နေတာ ကြောက်စရာ။

သခင်မလေး အကြည့်တွေသာ မီးပွင့်နိုင်ရင် ဘုရင်မင်း
မြတ်ရဲ့ကျောလည်း ဟောင်းလောင်းပေါက်ကြီး ဖြစ်သွား
လောက်သည်။

ကဝေပျိုရဲ့နှလုံးသားDonde viven las historias. Descúbrelo ahora