💖Zawgyi💖
' အရှင့်ရဲ့မျက်လုံးတောက်တောက်တွေက . . .မုဒြာကို သတ်စားတော့မယ့် မကောင်းဆိုးဝါးလိုပဲ . . .အရမ်းကြောက်ဖို့ကောင်းတယ် . . . '
ထိုစူးရှတောက်ပတဲ့မျက်လုံးအစုံက မုဒြာကို အတန်ကြာ စိုက်ကြည့်ပြီး ပြန်နူးညံ့သွားသည်။ထို့နောက် ရှေ့တလှမ်းတိုးလာတဲ့ဘုရင်ကို စိုးရိမ်စိတ်နဲ့ မုဒြာနောက်သို့ဆုတ်လိုက်မိသည်။
' ကျွန်ုပ် မုဒြာကို ထိခိုက်အောင်မလုပ်ပါဘူး '
ဘုရင်က မုဒြာလက်ထဲမှဓားကို အသာအယာပြန်ဆွဲယူသည်။ဓားကိုဓားအိမ်ထဲပြန်ထည့်ပြီး မုဒြာနဲ့ခပ်လှမ်းလှမ်းသို့ သွားကာ ရပ်စောင့်နေသည်။မုဒြာအနောက်တွင် ပုန်းနေသည့်ကလေးမက ကြောက်လန့်တုန်ချိစွာ မုဒြာလက်ကိုလာကိုင်သည်။
' အိမ်ပြန်ချင်တယ် . . . ဟင့် '
မုဒြာ ထိုကလေးမကို စိတ်လည်းဆိုး သနားလည်းသနားသွားပြီး ခေါင်းကိုညင်သာစွာ ပွတ်ပေးလိုက်သည်။ပြီးတော့ က
လေးလေးခေါင်းတွင်စည်းထားသည့် ပဝါစလေးကို မန္တာန်အချို့မန်းမှုတ်လိုက်သည်။' ဒီပဝါလေးက မင်းကို အိမ်ပြန်ပို့ပေးလိမ့်မယ်။ပြီးတော့ သူများကို ခဲနဲ့မပေါက်နဲ့နော်။လိမ္မာတဲ့ကလေးဆို အဲ့လိုမလုပ်ဘူး '
' စုန်းမကြီးက သွေးမထွက်ဘဲနဲ့ နာမှမနာတာ '
ဒီကလေးမကတော့လေ . . . ဟင်းဟင်း။မုဒြာ ကလေးမရဲ့ပါးနှစ်ဖက်ကို အသာဖျစ်ညှစ်လိုက်သည်။
' သွေးမထွက်လည်း နာတယ် ကလေးရဲ့ '
မုဒြာရဲ့နှဖူးနဲ့ ကလေးမလေးရဲ့နှဖူးကိုကပ်လိုက်ပြီး တိုးညှင်းစွာအမိန့်ပေးလိုက်သည်။
' ဒီတောအုပ်ထဲက အဖြစ်အပျက်တွေကို မေ့စေ . . . ကဲ . . . သွားတော့ '
ပဝါစလေးက လေထဲသို့မြောက်တက်သွားပြီး ကလေးမလေးက အိပ်မွေ့ချခံရသူလို နောက်မှလိုက်ပါသွားသည်။
' ကျွန်ုပ် အိမ်ပြန်လိုက်ပို့ပေးမယ် '
ဘုရင်က ခုနကဘာမှမဖြစ်ခဲ့သလို အေးဆေးတည်ငြိမ်နေသည်။
' စောစောက အရှင့်ကို ပြန်အ်ာပြောပြီး ဖမ်းချုပ်ခဲ့တဲ့အတွက် မုဒြာကို ခွင့်လွှတ်ပါ အရှင် '
YOU ARE READING
ကဝေပျိုရဲ့နှလုံးသား
Fantasy' စုန်းမဆိုတာ ကိုယ့်ကိုယုတ်မာတဲ့လူထက် ဆယ်ဆ ... ပြန်ကောက်ကျစ်စဉ်းလဲတတ်တဲ့ သတ္တဝါဆိုတာကို မေ့နေတာလား မိဖုရား ' ~မုဒြာ~ ' မုဒြာကဘယ်သူ့ကြင်ယာတော်မှ မဖြစ်စေရဘူး။မုဒြာကို ကျွန်ုပ်ပိုင်တယ်။သင်ကတော့ ဘယ်တော့မှ ပိုင်ဆိုင်မှာမဟုတ်ဘူး . . . လုံးဝပဲ မင်းသား ' ~ခ...