15th Heart

1.6K 163 7
                                    

🖤Zawgyi🖤

ကေသရီရင်ထဲမှ စုန်းမတယောက်ရဲ့အစွမ်းတွေ မှေးမှိန်လာတာ
ကို ခံစားလိုက်ရသည်။ဒါဆိုတယောက်ယောက်သေတော့မှာပဲ။

' သူ့အစွမ်းက မျိုးနွယ်တူ စုန်းမအချင်းချင်းတောင် ပြန်သတ်နိုင်
တဲ့အထိ ကြောက်ဖို့ကောင်းနေပြီ ခေါင် '

' မိဖုရား ... '

သူမ သတိပေးချက်ကြောင့် ခေါင် ဆတ်ခနဲမတ်တပ်ထရပ်လိုက်
သည်။

' မုဒြာ လူသတ်လို့မဖြစ်ဘူး ကေသရီ။သူလူသတ်လိုက်တာနဲ့
ကျိန်စာကသူ့ကိုဝါးမြို ပြီး အသိစိတ်လွတ်သွားလိမ့်မယ် '

ထိုအချိန်မှာပဲ မိဖုရားရဲ့နှလုံးတည့်တည့်ကို မုဒြာရဲ့ဓားက ထိုး
စိုက်ပြီးနှင့်ပြီ။မုဒြာကို ဒီလိုလုပ်မယ်လို့ လုံးဝမထင်ထားတဲ့ မိ
ဖုရားက မုဒြာကို မျက်လုံးအပြူးသားနဲ့ ထိတ်လန့်စွာကြည့်နေ
သည်။

' တမလွန်မှာ သုဝဠာနဲ့ သွားတွေ့လိုက်ပါဦး မိဖုရား '

သေအံ့ဆဲဆဲဖြစ်နေတဲ့ မိဖုရားကိုကြည့်ပြီး မုဒြာ သွေးအေး
အေးနဲ့ နှုတ်ဆက်လိုက်သည်။ထို့နောက် ဓားကို အားနဲ့ပြန်ဆွဲ
ထုတ်လိုက်ချိန်တွင် မုဒြာခန္ဓာကိုယ်မှာ သွေးစက်တွေ မြင်မ
ကောင်းအောင်စင်သွားသည်။

မိဖုရားက နာကျင်မှုကြောင့် တချက်ညည်းလိုက်ပြီးနောက် ကြမ်းပြင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းသွားသည်။မုဒြာ
လည်း ဓားကိုဝေးဝေးသို့လွှင့်ပစ်လိုက်ပြီး မိဖုရားရဲ့အသက်မရှိ
တော့တဲ့ ခန္ဓာကိုယ်နားတွင် အရုပ်ကြိုးပျက်ထိုင်ချလိုက်သည်။

' အစ်မတော် ကျွန်ုပ်ဝင်လာ... '

ရုတ်တရတ်ထွက်ပေါ်လာတဲ့ ဒီပါ့အသံကြောင့် မုဒြာ ဆတ်ခနဲ
တုန်သွားသည်။သို့သော် မုဒြာလှည့်ကြည့်လိုက်တဲ့အချိန်မှာပဲ
အခန်းထဲကမြင်ကွင်းအစအဆုံးကို ဒီပါ မြင်ပြီးပြီ။

' ဒီ-ဒီပါ... '

' မုဒြာ သင်...အစ်မတော်ကို... '

ဒီပါ့ရဲ့ မယုံသင်္ကာဖြစ်မှု စွပ်စွဲမှုတွေကို မုဒြာ မငြင်းတော့ပါ။ဒီပါ့
ရဲ့နာကျင်ဝမ်းနည်းနေတဲ့အကြည့်တွေကို မခံနိုင်သဖြင့် မုဒြာ
မိဖုရားအလောင်းဆီကို အကြည့်လွှဲလိုက်သည်။

ကဝေပျိုရဲ့နှလုံးသားWhere stories live. Discover now