🌹Zawgyi🌹
' အား......... '
တံဆိပ်တုံးကြီးက မုဒြာရဲ့ခြေထောက်ပေါ်သို့ တည့်တည့်
ကို ပြုတ်ကျလာ၍ မုဒြာ တော်တော်နာသွားသည်။ဘယ်
လိုတံဆိပ်တုံးလည်းမသိ သံတုံးနဲ့တက်ကြိတ်သလိုကို နာ
တာ။' မုဒြာ ရရဲ့လား...အဲ့ဒါကြောင့် ရေတွေမဆော့ပါနဲ့လို့ပြော
တာ '' နေ-နေ မုဒြာ ကိုယ့်ဘာသာထနိုင်တယ် '
မုဒြာ ခြေထောက်ဆွဲကြည့်မယ် တကဲကဲလုပ်နေတဲ့ ခေါင့်
လက်ကို အတင်းဖယ်နေရသည်။ဘုန်းကြီးတဲ့ ဘုရင်ကို
မိန်းမခြေထောက်ကိုင်ခိုင်းလို့ ဖြစ်မလား။ခက်တာက ဖြူဖွေးနုနေတဲ့ ခြေထောက်လေးမှာ ချက်ချင်း
နီရဲတွတ်သွားသဖြင့် ခေါင်ကစိတ်ရှုပ်သွားဟန် မျက်မှောင်
ကျုံ့လိုက်သည်။မုဒြာ ကိုယ့်ဘာသာထပြီး အဆောင်ကို လမ်းလျှောက်ပြန်လို့ အဆင်လုံးဝမပြေ။အားပြုပြီး ကုန်းထလိုက်တိုင်း နာလို့ ပြန်ယိုင်ကျသွားသည်။' ခြေထောက်က ယောင်နေတယ်လေ။အတင်းအားပြုလို့
ဖြစ်မလား။ပြီးတော့ အဲ့ဒိရေတွေကို မမှောက်စေနဲ့၊ မဆော့နဲ့လို့ မောင်တော် ပြောလားမပြောဘူးလား။အခု ချော်လဲပြီမလား။အဲ့ဒါပဲ မုဒြာဟာလေ မောင်တော့်ကိုစိတ်ပူရအောင်
အမြဲလုပ်တယ်။လာ... အခု မောင်တော့်ကိုတွဲ 'ခေါင်က မုဒြာလက်တဖက်ကိုဆွဲထူပြီး စိတ်ပူပူနဲ့ ဗျစ်
တောက်ဗျစ်တောက် ပြောနေသည်။မုဒြာက သူတွဲပေးတဲ့
လက်ကို အတင်းပြန်ပုတ်ထုတ်ပြီး သူ့ကိုမျက်စောင်းထိုး
သည်။' အဲ့ဒါ ခေါင့်ကြောင့်လေ။ခေါင်သာ စောစောကတည်းက
မုဒြာကို အဖတ်လုပ်မယ်ဆို ရေကိုတမင်ဖိတ်ပြစရာကို မ
လိုဘူး။တော်ပြီ...မထူနဲ့ အထိန်းတော်ကြီးပဲ ခေါ်ပေး 'ကြည့်...စိတ်ဆိုးသွားပြန်ပြီ။မုဒြာဟာလေ ကလေးလေးကျနေတာပဲ။အခုလည်း ဘယ်နှစ်ကြိမ်မှန်းမသိတဲ့ မျက်စောင်းတွေ သူ့ကိုလှိမ့်ထိုးပြီး ဆူပုတ်ပုတ်နဲ့။အင်း...ဒီတော့
လည်း လူကြီးဖြစ်တဲ့ သူကချော့ရဦးမှာပေါ့။' အထိန်းတော်.........ဒါ-ဒါ-ဘာလုပ်တာလဲ '
မုဒြာ အထိန်းတော်ကြီးကို လှမ်းခေါ်တုန်း ခေါင်က ရုတ်တရတ် ပွေ့ချီလိုက်သဖြင့် ရင်ခွင်ပိုက်ကလေးလေးလို မုဒြာ
ယက်ကန်ယက်ကန်နဲ့ ပါသွားသည်။

KAMU SEDANG MEMBACA
ကဝေပျိုရဲ့နှလုံးသား
Fantasi' စုန်းမဆိုတာ ကိုယ့်ကိုယုတ်မာတဲ့လူထက် ဆယ်ဆ ... ပြန်ကောက်ကျစ်စဉ်းလဲတတ်တဲ့ သတ္တဝါဆိုတာကို မေ့နေတာလား မိဖုရား ' ~မုဒြာ~ ' မုဒြာကဘယ်သူ့ကြင်ယာတော်မှ မဖြစ်စေရဘူး။မုဒြာကို ကျွန်ုပ်ပိုင်တယ်။သင်ကတော့ ဘယ်တော့မှ ပိုင်ဆိုင်မှာမဟုတ်ဘူး . . . လုံးဝပဲ မင်းသား ' ~ခ...