18th Heart

1.7K 187 9
                                    

👑Zawgyi👑

' အမတ်ချုပ်ဇနီးအဉ္ဇာကို ခုချက်ချင်းငါကိုယ်တော်
ရှေ့ အခစားဝင်ဖို့အမိန့်တော်ပါးလိုက်ပါ '

ခေါင် အမိန့်ပေးပြီး သိပ်မကြာခင်မှာပဲ မုဒြာရဲ့
မိခင်ဖြစ်သူ နန်းဆောင်ထဲရောက်လာသည်။အမတ်ချုပ်ဇနီးဖြစ်သူအဉ္ဇာက ရောက်ရောက်
ချင်း ခေါင့်ကို အရိုအသေပြု ပြီး သူမဘေးတွင်ဝင်
ထိုင်လိုက်သည်။သူ့သမီးနဲ့တူနေတဲ့ ကေသရီ့
ကိုဝေခွဲမရစွာလှည့်ကြည့်နေ၍ သူမက အရင်
မိတ်ဆက်လိုက်သည်။

' ကျွန်မက ကေသရီပါ '

' အော်...ယောက်ျားဖြစ်သူဆီကနေ သတင်းတွေ
ကြားရတယ်။တကယ်ကို သမီးနဲ့တော်တော်တူ
တာပဲ '

ထို ခင်မင်စရာကောင်းတဲ့ အမျိုးသမီးဆီမှ ရင်းနှီး
ဖော်ရွေတဲ့အကြည့်တွေနဲ့ လိုက်ဖက်စွာ သူမပြန်
ပြုံးပြလိုက်သည်။သူမကိုနှုတ်ဆက်ပြီးမှ ထိုအမျိုး
သမီးသည် လာရင်းကိစ္စကို သတိရသွားဟန်တူ
သည်။

' ဒါနဲ့ဘာအကြောင်းကိစ္စများရှိလို့ပါလဲ အရှင်မင်း
မြတ် '

' ကျွန်ုပ်အကူအညီတောင်းချင်လို့ပါ။ဒါပေမယ့် သင့်ဘက်က မုဒြာရဲ့လက်ထပ်ပွဲနဲ့ပက်သက်တဲ့ သဘောထားကို အရင်သိချင်တယ် '

အဉ္ဇာက ခဏငြိမ်သက်သွားပြီး တခုခုကိုအလေး
အနက်စဉ်းစားနေပုံရသည်။ပြီးမှ သက်ပြင်းရှည်
တခုကိုချကာ ခေါင့်ကိုမော်ကြည့်လိုက်သည်။

' ကျွန်မသဘောထားကတော့ သမီးရဲ့သဘော
ထားပါပဲ။သမီးဖြစ်သူရဲ့ ခင်ပွန်းကိုတော့ ကျွန်မ
မရွေးချယ်ပေးချင်ဘူး။သမီးရွေးချယ်တဲ့လူကို ကျွန်မ ကြည်ဖြူ စွာလက်ခံပေးမှာပါ အရှင်မင်း
မြတ် '

' ဒါဆို သင် ဘုရင့်ယောက္ခမတော်ဖြစ်ရင်ရော အဆင်ပြေပါ့မလား '

ခေါင့်ရဲ့တိုက်ရိုက်အမေးကြောင့် အဉ္ဇာနည်း
နည်းတော့တုန်လှုပ်သွားသည်။ဘုရင့်ယောက္ခမ
တော်ဆိုတဲ့ ရာထူးရာခံကို အဉ္ဇာ စိတ်မဝင်စား။သမီးဖြစ်သူ မုဒြာ စိတ်ချမ်းသာဖို့က အရေးကြီး
သည်။

' မုဒြာ လူတယောက်နဲ့တွေ့သေးတယ်။သူ့ကို
လေ မုဒြာသိနေသလိုပဲ အရင်းရင်းနှီးနေတယ် '

ကဝေပျိုရဲ့နှလုံးသားWhere stories live. Discover now