💕Zawgyi💕
' ခုထိ ရှာမတွေ့ကြသေးဘူးလား '
' ကျွန်တော်မျိုးတို့ နေရာစုံရှာပြီးပါပြီ။မတွေ့ပါဘူး ဘုရင်မင်း
မြတ် 'ဒါနဲ့ဆို နန်းတော်အတွင်းရော အပြင်ရောနှံ့နေပြီ။သုဝဠာထက်
သူအရင် မုဒြာကိုရှာတွေ့မှ မုဒြာဘေးကင်းလိမ့်မယ်။' ခေါင် . . . '
မနေ့က ရေကန်နားတွင်မုဒြာပျောက်မသွားခင် နောက်ဆုံးခေါ်
တဲ့အသံကို သူနားထဲကြားယောင်လာသည်။' ခေါင်...တဲ့လား '
ခေါင်ဆိုတာ ကေသရီတစ်ယောက်တည်းကသာ သူ့ကိုခေါ်တဲ့
နာမည်။သူ့လိုဘုရင်ကို ကေသရီကလွဲပြီး ဘယ်သူမှအဖျားဆွတ်
မခေါ်ရဲ။မုဒြာကို ကေသရီများ ထပ်ဝင်ပူးသွားပြန်ပြီလား . . .' မြှားထိထားတဲ့ ဒဏ်ရာရောသက်သာရဲ့လား မသိ '
' တောင်နန်းစံမိဖုရားသဒ္ဓါနဒီ အခစားဝင်ကြောင်းပါ ဘုရား '
တံခါးမှူးရဲ့ကြေညာသံအဆုံးတွင် နန်းဆောင်ထဲသို့ မိဖုရား
လေး ပြုံး၍ဝင်လာသည်ကို သူတွေ့လိုက်ရသည်။' ဘာကိစ္စရှိလို့လဲ မိဖုရား '
' အရှင့်ကို သတင်းပေးစရာရှိလို့ပါ '
' ကျွန်ုပ်အခုအလုပ်ရှုပ်နေတယ်။သင့်ကိစ္စကို စိတ်မဝင်စားသေး
ဘူး မိဖုရား '' ညီမတော်မုဒြာကို ရှာနေတုန်းလား အရှင်။ကျွန်မမှာ မုဒြာနဲ့
ပက်သက်တဲ့ သတင်းကောင်းနဲ့ သတင်းဆိုးပါလာတယ်ဆိုရင်
စိတ်ဝင်စားသွားပြီလား အရှင် 'မိဖုရားရဲ့ရိုးသားတဲ့အပြုံးနောက်ကွယ်ကအရာကို သူ ပထမဆုံး
အကြိမ် သံသယဝင်သွားသည်။' ကောင်းပြီ...သတင်းကောင်းကို အရင်ပြော '
' သတင်းကောင်းက သုဝဠာက မုဒြာကို အရင်ရှာတွေ့သွားပေ
မယ့် မုဒြာ အန္တရာယ်ကင်းတယ်။သတင်းဆိုးက . . . မုဒြာ အခု
အိမ်ရှေ့စံမင်းသားရဲ့အဆောင်မှာ ရှိနေတယ် '' တောက် . . . '
သူ ဒေါသဖြစ်ပြီး လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်သည်။ဒီပါဝံသ
မင်းသား . . . မင်းက ဘုရင်ကိုကျော်ပြီး မုဒြာကို ဖွက်ထားရဲ
ပေါ့။မင်း ဘာတွေကြံစည်နေတာလဲ . . .
YOU ARE READING
ကဝေပျိုရဲ့နှလုံးသား
Fantasy' စုန်းမဆိုတာ ကိုယ့်ကိုယုတ်မာတဲ့လူထက် ဆယ်ဆ ... ပြန်ကောက်ကျစ်စဉ်းလဲတတ်တဲ့ သတ္တဝါဆိုတာကို မေ့နေတာလား မိဖုရား ' ~မုဒြာ~ ' မုဒြာကဘယ်သူ့ကြင်ယာတော်မှ မဖြစ်စေရဘူး။မုဒြာကို ကျွန်ုပ်ပိုင်တယ်။သင်ကတော့ ဘယ်တော့မှ ပိုင်ဆိုင်မှာမဟုတ်ဘူး . . . လုံးဝပဲ မင်းသား ' ~ခ...