🌻Zawgyi🌻
' စခန်းတခုလုံးကို ပြာချပေးရမယ်ဆိုပဲ '
ကေသရီက သူမလက်ညှိုးထိပ်မှ မီးတောက်
လေးကို ဆော့ကစားရင်း ဒီပါ့ကို လှမ်းပြောလိုက်
သည်။' မုဒြာ အရမ်းပြောင်းလဲသွားတယ် '
စားပွဲခုံကိုတဒေါက်ဒေါက်နဲ့ခေါက်လျက် စိတ်ငြိမ်
အောင်ကြိုးစားနေရတဲ့ ဒီပါတယောက် ဂယောင်
ခြောက်ခြားနဲ့ ညည်းမိသည်။နေ့ချင်းညချင်းပြောင်းလဲသွားတဲ့ မုဒြာကို ဒီပါ ဘယ်လိုမှနားမလည်တော့။စကြ်ာနီအဖွဲ့ခေါင်း
ဆောင်က သူဆိုတာကို မုဒြာကို လိမ်မိပေမယ့်
မုဒြာက သူ့ကိုစိတ်မဆိုးတဲ့အပြင် ဘုရင်ကို
သစ္စာဖောက်ပြီး သူ့ဘက်က ကူညီပေးနေတယ်
လေ။မုဒြာရဲ့နှလုံးသားက သူ့ဘက်ကို ယိမ်းယိုင်လာ
ပြီလားဆိုတဲ့ အတွေးလေးနဲ့ မုဒြာကို သူ ရူးမိုက်
စွာ မျှော်လင့်မိသေးသည်။' သူ့မျက်လုံးတွေက တခုခုကိုစိုးရိမ်နေသလိုပဲ '
မုဒြာပြန်သွားကတည်းက အပူသည်ရုပ်ပေါက်
အောင်ညည်းနေတဲ့ ဒီပါ့ကို ကေသရီ အမြင်ကပ်
လာသည်။မုဒြာရဲ့မျက်လုံးအမူအရာကအစ အသေးစိတ်
လိုက်ကြည့်နေတုန်းပဲလား ဒီပါရယ်။ဒီပါ့ကို မုဒြာက သူငယ်ချင်းထက်မပိုတဲ့ ခင်မင်မှုနဲ့ပဲ ချစ်
နေမှာဆိုတာ ဒီပါ နားမလည်သေးဘူးလား။' မုဒြာလည်း စိတ်ညစ်စရာတခုခုရှိလို့နေမှာပေါ့။
အဲ့ဒါကို ဒီပါကပါရောပြီး လိုက်ညစ်မနေနဲ့လေ။
အခုချိန်မှာ ဒီပါက မုဒြာပြောသွားတဲ့ အစီအစဉ်
တွေအတိုင်း သေချာလုပ်ပြီး စကြ်ာနီအဖွဲ့သား
တွေကို ကာကွယ်ပေးဖို့ပဲ တွေးနေရမှာ '' တခုခုလွဲချော်သွားခဲ့ရင်ရော '
သူ စိတ်ပူသည်။အစီအစဉ်ကနေ တခုခုလွဲတာနဲ့
သူရော၊ မုဒြာရော၊ ကေသရီရော ကြိုးစင်ပေါ်မှာ
အသက်ပျောက်သွားနိုင်တယ်လေ။' မလွဲစေရဘူး ဒီပါ။လွဲခဲ့ရင်တောင် ကျွန်မ အ
သက်နဲ့လဲပြီး ဒီပါ့ကို ကာကွယ်ပေးမယ်။လိုအပ်
ရင် နန်းတော်တခုလုံးကို မီးလောင်တိုက်သွင်း
ပစ်မယ် '

YOU ARE READING
ကဝေပျိုရဲ့နှလုံးသား
Fantasy' စုန်းမဆိုတာ ကိုယ့်ကိုယုတ်မာတဲ့လူထက် ဆယ်ဆ ... ပြန်ကောက်ကျစ်စဉ်းလဲတတ်တဲ့ သတ္တဝါဆိုတာကို မေ့နေတာလား မိဖုရား ' ~မုဒြာ~ ' မုဒြာကဘယ်သူ့ကြင်ယာတော်မှ မဖြစ်စေရဘူး။မုဒြာကို ကျွန်ုပ်ပိုင်တယ်။သင်ကတော့ ဘယ်တော့မှ ပိုင်ဆိုင်မှာမဟုတ်ဘူး . . . လုံးဝပဲ မင်းသား ' ~ခ...