💕Zawgyi💕
' ခွမ်း '
' မုဒြာ '
' အထဲက အသံကြားလိုက်ရတယ်။ဘုရင်မင်းမြတ် အဆင်ပြေရဲ့
လား 'အစောင့်တွေက အသံကြားလိုက်ရ၍ စိုးရိမ်ပြီး ဝင်လာသဖြင့်
မုဒြာ ဘယ်ပြေးရမှန်းမသိဘဲ ကြောင်သွားသည်။တချိန်တည်း
မှာပဲ အရှင်က မုဒြာကို သူ့နားဆွဲခေါ်လိုက်ပြီး အစောင့်တွေမ
မြင်အောင် ဇာခန်းဆီးနောက်ကွယ်တွင် ဝင်ရပ်လိုက်သည်။' ကျွန်ုပ် လက်နဲ့ပန်းအိုးကို တိုက်မိသွားတာပါ။ဘာမှမဖြစ်ပါ
ဘူး 'အရှင်က မုဒြာကို လက်တဖက်နဲ့လှမ်းဖက်ထားပြီး အသံမထွက်
ရန် ခေါင်းခါပြသည်။မုဒြာ အရှင်နဲ့နီးနီးကပ်ကပ်နေမှ အစောင့်
တွေဘက်ကကြည့်ရင် ဇာစနောက်မှာ လူရိပ်တခုပဲမြင်မှာကို
မုဒြာ သဘောပေါက်သွားသည်။' ဒါဆို ကျွန်တော်မျိုးတို့ ကွဲသွားတဲ့အစတွေ သိမ်းလိုက်ပါ့မယ်
ဘုရာ့ 'အစောင့်တွေက ပန်းအိုးအကွဲစတွေ သိမ်းရန် ရှေ့တိုးလာတော့
အရှင်က မုဒြာကို သူ့ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ်ဆွဲဖက်ရင်း အစောင့်တွေရှိရာဘက်သို့ ကျောပေးရပ်လိုက်သည်။အရှင့်ရဲ့မြန်
ဆန်လွန်းတဲ့လုပ်ရပ်ကြောင့် မုဒြာ မော့ကြည့်လိုက်ချိန်တွင်
အရှင်ကလည်း မုဒြာကိုငုံ့ကြည့်နေ၍ မျက်နှာနှစ်ခုက နီးကပ်
သွားသည်။မုဒြာ အရှင့်ကိုမျက်နှာချင်းမဆိုင်လိုသဖြင့် ဘေးကိုစောင်းကြည့်
လိုက်ချိန်တွင် အရှင့်လက်တဖက်တွင် ကိုင်ထားသည့်ဓားကို မ
ထင်မှတ်ဘဲ တွေ့လိုက်ရသည်။' ဒါအရေးမကြီးဘူး နောက်မှသိမ်းပါ '
' ဒီဓားနဲ့ သူ့ကိုသတ်လိုက်ပါ...နင့်သတ်ဖို့အတွက် ရက်ရက်ရော
ရော ရင်ဖွင့်ပေးထားတာပဲ...အမြန် သတ်လိုက် မုဒြာ 'မုဒြာနားထဲ အသံတွေပြန်ကြားနေရပြီး အသိစိတ်လွတ်ချင်လာ
သည်။အရှင့်ရဲ့နှလုံးခုန်သံကို ကြားနေရတဲ့အထိ နီးကပ်နေသ
ဖြင့် ထိုနှလုံးတည့်တည့်ကို ဓားနဲ့ထိုးစိုက်ချင်သည့် မုဒြာစိတ်
တွေယိမ်းယိုင်လာသည်။
![](https://img.wattpad.com/cover/106594011-288-k79574.jpg)
KAMU SEDANG MEMBACA
ကဝေပျိုရဲ့နှလုံးသား
Fantasi' စုန်းမဆိုတာ ကိုယ့်ကိုယုတ်မာတဲ့လူထက် ဆယ်ဆ ... ပြန်ကောက်ကျစ်စဉ်းလဲတတ်တဲ့ သတ္တဝါဆိုတာကို မေ့နေတာလား မိဖုရား ' ~မုဒြာ~ ' မုဒြာကဘယ်သူ့ကြင်ယာတော်မှ မဖြစ်စေရဘူး။မုဒြာကို ကျွန်ုပ်ပိုင်တယ်။သင်ကတော့ ဘယ်တော့မှ ပိုင်ဆိုင်မှာမဟုတ်ဘူး . . . လုံးဝပဲ မင်းသား ' ~ခ...