❄️Zawgyi❄️
' အ-အရှင် '
မုဒြာက ပြုံးပြသော်လည်း အရှင်က မျက်နှာတည်နဲ့ စိုက်ကြည့်
နေသည်။ဟောတော်...မုဒြာ ဘာများအမှားလုပ်မိလို့လဲ. . .မုဒြာနဲ့ အရှင်နဲ့ မကဘဲ တောင်တောင့်ကြီးရပ်နေမှန်း သတိဝင်
လာတော့မှ မုဒြာ ဘေးကအတွဲကိုလှမ်းကြည့်ပြီး ကကွက်အ
သစ်ကိုကရန် အရှင့်ဘေးတွင် ဝင်ရပ်လိုက်သည်။တော်သေးလို့
မျက်နှာချင်းဆိုင် မရပ်ရတာ...ဒီလို စိုက်ကြည့်ပုံမျိုးနဲ့ မျက်နှာချင်း
ဆိုင်ရပ်ရရင် မုဒြာ မျက်နှာပေါက်ထွက်လိမ့်မယ် . . . ဟူး . . .အရှင်ကဘေးမှ မုဒြာလက်နှစ်ဖက်ကိုအသာယူ၍ ရှေ့သို့တလှမ်း
ချင်း အတူတူလျှောက်သည်။မုဒြာကနေရင်းနဲ့ အရှင့်ကို လှမ်း
ကြည့်မိသည်။' မုဒြာ ကျွန်ုပ်ကို မေးစရာ ရှိလို့လား '
' မုဒြာ ကေသရီဝင်ပူးတဲ့အချိန်က ဖြစ်သမျှကိုမှတ်မိတယ် အရှင်။
အရှင် ကေသရီ့ကို အကျွမ်းတဝင်ကို သိနေတယ် '' . . . . . '
' အရှင့်မှာ မုဒြာနဲ့ ကေသရီ့ရဲ့ ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့
အစွမ်းရှိနေတယ် '' အမတ်ကြီးသုဝဠာအိမ်မှာ ကေသရီအဖမ်းခံရတုန်းက အရှင် သံ
ကြိုးအမာတွေကို လက်တဖက်တည်းနဲ့ ဆွဲဖြုတ်ခဲ့တယ် 'မုဒြာ အရှင့်မျက်လုံးထဲက ငြင်းဆန်တဲ့ အရိပ်အရောင်ရှာကြည့်
ပေမယ့် မတွေ့ရပါ။အရှင်က မုဒြာအကြည့်ကိုရှောင်၍ ဆက်က
နေသည်။' ဒီနေ့ မုဒြာသတိလစ်နေတုန်း မုဒြာဒဏ်ရာတွေကို အရှင် လာ
ကုပေးသွားတယ်။အဲ့တုန်းကပြောတဲ့ "စိတ်ဆင်းရဲစရာတွေ စောင့်ကြိုနေမယ်"ဆိုတာ ဘာကိုဆိုလိုတာလဲ အရှင် . . . 'ထို့နောက် မုဒြာလက်တဖက်ကိုလွှတ်၍ တပတ်လှည့်လိုက်သည်
ကို အရှင်က လက်နှစ်ဖက်လုံးကို ညင်သာစွာပြန်ဖမ်းဆုပ်လိုက်
သဖြင့် မုဒြာတို့ မျက်နှာချင်းဆိုင် နီးကပ်သွားသည်။' အရှင့်ရဲ့ သရုပ်အမှန်ကဘာလဲ... '
မုဒြာ အရှင့်ကို သံသယဖြစ်စွာမော်ကြည့်လိုက်ပြီး အရှင်က ဘာ
မှဖုံးကွယ်စရာလျှို့ဝှက်ချက်မရှိတဲ့လူလို မုဒြာကို စိုက်ကြည့်သည်။
ထိုစဉ် . . .
YOU ARE READING
ကဝေပျိုရဲ့နှလုံးသား
Fantasy' စုန်းမဆိုတာ ကိုယ့်ကိုယုတ်မာတဲ့လူထက် ဆယ်ဆ ... ပြန်ကောက်ကျစ်စဉ်းလဲတတ်တဲ့ သတ္တဝါဆိုတာကို မေ့နေတာလား မိဖုရား ' ~မုဒြာ~ ' မုဒြာကဘယ်သူ့ကြင်ယာတော်မှ မဖြစ်စေရဘူး။မုဒြာကို ကျွန်ုပ်ပိုင်တယ်။သင်ကတော့ ဘယ်တော့မှ ပိုင်ဆိုင်မှာမဟုတ်ဘူး . . . လုံးဝပဲ မင်းသား ' ~ခ...