Two

18.9K 1.6K 57
                                    

(Zawgyi)

အိပ်​ခန်းထဲမှာ​စောင့်​ဆိုလို့ ​စောင့်​​တော့​စောင့်​​နေပါ့ရဲ့

ခုတင်​​ခြေရင်းမှာ လက်​က​လေးနှစ်​ဖက်​ယှက်​လို့ ​စောင့်​​နေရှာတယ်

ဪ သူ့အပြစ်​သူ​တော့သိသားဘဲ

အရင်​ကဆို သူ့ကိုအခန်းထဲဝင်​ခွင့်​​ပေးလိုက်​ပြီဆိုရင်​ ခုန်​​ပေါက်​ပြီး ကုတင်​​ပေါ်တက်​အိပ်​တက်​လို့ အမြဲတမ်း​အော်​​ငေါက်​ပြီး ဆင်းခိုင်းရတာ အခု​တော့ ​ခြေရင်း​လေးမှာ ငြိမ်​ငြိမ်​​လေးရပ်​​နေ​လေရဲ့

"Park Baekhyun"

"ဗျာ"

"အခုချက်​ချင်း မင်း​ကျောင်းလွယ်​အိတ်​ယူလာခဲ့"

"ဗျာ wae?"

"ယူဆိုယူခဲ့​ပေါ့ ဘာလို့အတွန့်​တက်​​နေတာလဲ!!"

"ဟုတ်​ ဟုတ်​ကဲ့"

စောင်​က​လေး သူ့ကိုမဆူဘဲ ​လေ​ပြေ​လေးနဲ့​ပြော​တော့ အတွန့်​တက်​​နေတယ်​ နည်းနည်း​လေး ပိတ်​​ဟောက်​လိုက်​မှ ​ကြောက်​လန့်​တကြား လွယ်​အိတ်​သွားယူ​လေရဲ့

"Hyung"

ဝတ်​ထားတဲ့ အ​ပေါ်ကုတ်​ကို ချွတ်​ပြီး ကုတင်​​ပေါ်ပစ်​တင်​အပြီးမှာ ဟိုက​လေး လွယ်​အိတ်​​လေးနဲ့​ရောက်​လာ​လေရဲ့

"​ပေး လွယ်​အိတ်​"

"ဗျာ nae"

လွယ်​အိတ်​ထဲမှာပါတဲ့ စာအုပ်​​တွေထဲက​နေ သင်္ချာစာအုပ်​ကိုဆွဲထုတ်​ပြီး ကြည့်​လိုက်​​တော့ ​သွေး​တောင်​တက်​ချင်​လာသလို

"Park Baekhyun!!"

"ဗျာ"

"​ကျောင်းဖွင့်​တာ ၅လပြည့်​​တော့မယ်​ မင်းသင်္ချာစာအုပ်​ထဲမှာ ​ကျောင်းစဖွင့်​တဲ့တစ်​လစာဘဲရှိတယ်​ ဟမ်​ မင်းအဲ့ဒါဘာအချိုးချိုးတာလဲ!!"

"Hyung အဲ အဲ့ဒါက​လေ"

"ဘာအဲ့ဒါက​လေလဲ တစ်​ခြားဘာသာ​တွေလည်းအဲ့တိုင်းဘဲလား"

ပြော​ပြောဆိုဆိုနဲ့ တခြားစာအုပ်​​တွေကြည့်​​တော့ ​ပိုပြီး​ဒေါသ​တွေထွက်​လာရတယ်

Sam's Yeobo (Zawgyi+Unicode)Where stories live. Discover now