Twenty

15.9K 1.2K 53
                                    

(Zawgyi)

"Yar Park Baekhyun အဲ့ဘောင်းဘီတိုနဲ့ အင်္ကျီလက်ပြတ်ကဘာလဲ ထားခဲ့ခိုင်းတာမဟုတ်ဘူးလား"

"ကမ်းခြေလာပါတယ်ဆိုမှ ဒါတွေထားခဲ့စရာလား ဟွန့်"

"မရဘူး အခုချက်ချင်းသွားလဲ သွား"

"လဲစရာလား မကျေနပ်ရင် Hyungလည်းကြိုက်တာဝတ်ခဲ့😏"

ပြောပြီး လုံးလုံးလုံးလုံးနဲ့ အပြင်ထွက်သွားတဲ့ Baekhyunee

အဲ့အင်္ကျီလက်ပြတ်တွေဘောင်းဘီတိုတွေထားခဲ့ခိုင်းတာကို ဘယ်လိုများထိုးထည့် လာလဲမသိဘူး

ပြီးတော့ သူ့ကိုပြောသွားတာလဲကြည့်ဦး Hyungလည်းကြိုက်တာ ဝတ်ခဲ့ဆိုဘဲ

အဟမ်း တွေ့ကြသေးတာပေါ့ Park Baekhyunရာ
.
.
.
"Hyung!!!!!"

"ဘာလဲ"

"ဘာလို့ ဘာလို့ဒီလိုကြီးထွက်လာတာလဲ မရှက်ဘူးလား"

"ရှက်စရာလား သူများတွေတောင်ဒီလိုဘဲလေ"

"သွား အင်္ကျီသွားဝတ်"

"မဝတ်ပါဘူး Baekhyuneeကိုယ်တိုင်ကြိုက်တာဝတ်ခဲ့လို့ပြောတာလေ okတယ်နော်"

လက်ကို ok signပုံစံလုပ်ပြပြီး ကမ်းခြေဘက်ထွက်သွားတဲ့ Hyung

မကျေနပ်ပေမဲ့လည်း ကိုယ့်စကားနဲ့ကိုယ်ကြောင့်ရယ် Hyungရဲ့တည်နေတဲ့မျက်နာရယ်ကြောင့် ပါးစပ်ပိတ်ပြီး ကမ်းခြေဘက်သာထွက်ခဲ့လိုက်တော့တယ်

ရေကစားနေရင်း ကမ်းစပ်မှာထိုင်နေတဲ့Hyungကိုကြည့်လိုက်တော့ ပင်လယ်ကြီးကိုကြည့်ပြီး တစ်ခုခုတွေးနေသလိုဘဲ

ပင်လယ်ကိုစူးစိုက်ကြည့်ပြီးတစ်ခုခုတွေးနေတတ်တာက Hyungရဲ့အကျင့်လားမသိဘူး

ဟင့် သူကသာဘယ်သူမှမကြည့်ဘဲ ပင်လယ်ကိုကြည့်နေပေမဲ့ အားကစားလိုက်စားသောကြောင့် Six Packsအပြည့်နဲ့ သူ့bodyရယ် ကိုယ့်ယောက်ျားမို့ကိုယ်ပြောတာမဟုတ်ဘူး😌 ယောက်ျားပီသလွန်းတဲ့မျက်နှာကြောင့် ကမ်းခြေကမမများကတော့ မျက်လုံးကျွတ်ကျမတတ်ငေးနေကြတာ

ကုသိုလ်လုပ်တယ်လို့တွေးပြီး ရေပြန်ဆော့နေလိုက်တော့တယ်
.
.
.
"အီး အေးလိုက်တာ"

Sam's Yeobo (Zawgyi+Unicode)Where stories live. Discover now