( Zawgyi )
"Wow Baekhyunပါလား ဟာ Chanyeol shiလည်းပါလာတာလား လာလာ"
ဒီနေ့ Hormonesဆေးထိုးပြီး ချုပ်ရိုးဖြည်ရမှာမို့ ကျွန်တော်ရုံးဆင်းပြီး ကလေးနဲ့အတူ ဆေးရုံလာချင်းပင်
ကျွန်တော်တို့ကိုမြင်မြင်ချင်း ဝမ်းသာအားရနှုတ်ဆက်တဲ့ Drကို ခေါင်းတစ်ညိမ့်ကာ အသိအမှတ်ပြုလိုက်ပြီး ကလေးထိုင်နေတာကို ကူညီပေးလိုက်တယ်
"Baekhyun နေလို့ထိုင်လို့အဆင်ပြေလား"
"ပြေပါတယ် တစ်ချက်တစ်ချက်တော့ ဗိုက်နည်းနည်းအောင့်တယ်"
"ဟင် ကလေး ဘယ်အချိန်တွေဗိုက်အောင့်တာလဲ ကိုယ်လည်းမပြောဘူး"
"နည်းနည်းဘဲနာတာမို့မပြောတာပါ"
"နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် နောက်တစ်ခါကိုယ့်ကို အသိပေး ကြားလား"
တမင် အသံမာမာနဲ့ပြောလိုက်တော့ ခေါင်းငြိမ့်ပြလာတယ်
"ဟား ဟား.......အိ"
ကျွန်တော်တို့နှစ်ယောက်ရဲ့အဖြစ်ကိုထိုင်ကြည့်နေရင် ထရယ်တဲ့Drကို တစ်ချက် လှမ်းကြည့်ပေးလိုက်တော့ အိ ဆိုပြီး ရပ်သွားလေရဲ့
"အဟမ်း Chanyeol shi အဲ့ဒါက စိုးရိမ်စရာမရှိပါဘူး မရှိတဲ့အစိတ်အပိုင်းကို ထည့်ထားတော့ ဗိုက်ထဲမှာ နေသားမကျသေးလို့ တစ်ချက်တစ်ချက် နာတဲ့သဘောပါ"
"ဟုတ်ကဲ့"
"ကဲလာ Baekhyun ကုတင်ပေါ်တက်ပါဦး ချုပ်ရိုးဖြည်ရင်း တစ်ချက်ကြည့်ရအောင်"
"ဟုတ်"
"ကလေး မကြောက်နဲ့ ကိုယ်ရှိတယ်နော်"
"အင်း"
မျက်နှာငယ်လေးနဲ့ ကုတင်ပေါ်တက်သွားတဲ့ကလေးကြောင့် လက်ကလေးကို ဆုပ်ကိုင်ပေးထားလိုက်တယ်
"အင်း ကောင်းပါတယ် Baekhyun နည်းနည်းတော့ နာမယ်နော် ချုပ်ရိုးဖြည်မလို့"