Eight

18.1K 1.4K 60
                                    

(Zawgyi)

ဒေါက် ဒေါက်

အသိပေးသလို တံခါးခေါက်ပြီးဝင်သွားတော့ အိပ်ခန်းထဲက ဆိုဖာပေါ်မှာထိုင်နေတဲ့Omma

မျက်နှာက ဒေါသထွက်နေသည်ကြောင့် နီရဲပြီးမာကျောနေလေရဲ့

"Omma သားရောက်ပြီ"

ငယ်ငယ်လေးကတည်းက Ommaဆူဖို့ခေါ်ရင် ထိုင်ခုံမှာဝင်ထိုင်ခွင့်မရှိဘဲ Ommaဘေး၌သာ မျက်နှာငုံ လက်နှစ်ဖက်ယှက်ပြီး ဆူခံရသည်မို့ အခုလည်းထိုပုံစံအတိုင်းပင်

ပုံမှန်ဆို စည်းကမ်းကြီးသော်လည်း ပြုံးပြုံးပြုံးပြုံးနှင့် ဘာပြောပြော စိတ်ဆိုးဟန်မရှိတဲ့ Ommaက သူစိတ်တိုနေလျှင် ကျွန်တော်နဲ့Appaမှာနေစရာမရှိလောက်အောင်ပင်

"Park Chanyeol မင်းဘာတွေလုပ်နေတာလဲ"

မာကျောခက်ထန်လှသော အသံနှင့် မေးလာသောOmmaကြောင့် ကျွန်တော်အနည်းငယ် ကြောက်ရွံ့လာသည်

Appaသည်Ommaထက်ဒေါသကြီးသည်မှန်သော်လည်း Ommaဒေါသထွက်လျှင် Appaထက် နှစ်ဆကြောက်စရာကောင်းလေသည်

"မင်းကို ငါတို့ယောက်ျားပေးစားခဲ့တာ နှိပ်စက်ခိုင်းဖို့မဟုတ်ဘူး မင်းဒေါသထွက်ရင် ရိုက်ခိုင်းဖို့မဟုတ်ဘူး မင်း မင်းကွာ"

ပြောရင်း အားမလိုအားမရဖြစ်လာသည်ထင်၍ အသာမျက်လုံးလှန်ကြည့်မိတော့ မေးရိုးတွေထောင်နေသည်အထိဒေါသထွက်နေသည်လေ

ကျွန်တော် Ommaဒီလောက်ထိဒေါသထွက်သည်ကို ယခုအချိန်ထိမမြင်ဖူးသောကြောင့် ကြောက်စိတ်တို့ကိန်းအောင်းလာလေသည်

"မင်းဘာအကြောင်းကြောင့် ကလေးကိုရိုက်တာလဲ"

ကြောက်ရွံ့စိတ်ကြောင့်ရှင်းပြနေသည့်ကျွန်တော်အသံသည် တုန်ယင်နေသည်ကို ကျွန်တော်ကိုယ်တိုင်သတိထားမိသော်လည်း Ommaကတော့ ဒေါသထွက်နေသောကြောင့် ဂရုစိုက်မိပုံမပေါ်

"မင်း ဘာလုပ်နေလို့ ကလေးစာလိုက်မရေးတာတောင်မသိတာလဲဟမ် မင်းစာအုပ်တွေမစစ်ဘူးလား ထားပါကျောင်းမှာလူများလို့ မသိဘူးဆိုရင်တောင် မင်းတို့နှစ်ယောက်ကတစ်အိမ်ထဲနေနေတဲ့သူတွေ ကလေးစာလုပ်မလုပ်တောင်မကြည့်ပေးဘူးလား လေးလစာကိုနှစ်ရက်ထဲနဲ့အပြီးကူးခိုင်းတယ်ဆိုဘဲ မင်းဆိုရင်တောင် ပြီးနိုင်လို့လား ကလေးကကျောင်းတစ်ဖက်နဲ့လေ ဆရာဆိုတာ ဖြစ်သင့်တာ ဖြစ်နိုင်တာတွေ ညွှန်ကြားပေးရတဲ့သူဘဲ  မင်းကမဖြစ်နိုင်တာကိုခိုင်းတယ်ဆိုတော့ Park Chanyeolမင်းကဆရာမဖြစ်ထိုက်တဲ့သူဘဲ"

Sam's Yeobo (Zawgyi+Unicode)Where stories live. Discover now