Thirty-Two

14.3K 1K 48
                                    

(Zawgyi)

"အား..... ဘာတွေလဲ!!"

"ကလေးရယ် စိတ်အေးအေးထား စိတ်အေးအေးထားနော်"

"Yeol ah ဘာတွေမှန်းမသိတော့ဘူး အီး.. ဂြိုလ်သားစာတွေလားမသိဘူး အီးဟီး..."

"Agioo အရင်တုန်းကလည်းကျက်ထားတယ်မလား ဖြေရင်ပြန်မှတ်မိလာလိမ့်မယ်လေ မငိုနဲ့နော်"

"Yeol ah..ကျွန်တော် ဘာလို့များဒီကျောင်းကြီးကိုရွေးခဲ့မိပါလိမ့် ၄နှစ်ကြီးများတောင်ကျန်သေးတယ် ဗြဲ.."

Chanyeol ငိုနေသော Baekhyunကိုကြည့်ပြီး သက်ပြင်းသာချမိတော့တယ်

အမလေးလေး ဆေးကျောင်းတက်ပြီး စာမေးပွဲနီးပြီဆိုတာနဲ့ အဲလိုမျိုးအသံလေးတွေက Park အိမ်တော်မှာ တော်တော်ကြားကြရတာပေါ့ဗျာ

ကလေးလဲမြန်မြန်ကျောင်းပြီးမှပါ မဟုတ်ရင် ကလေးဘဲရူးမလား ကိုယ်ဘဲရူးမလားဘဲ

သူနဲ့ Uniတူတူတက်နေတဲ့ Kyungsooနဲ့Luhanဆီကတော့ဘာအသံမှမကြားရ သူသာစာမေးပွဲနီးရင် ကမ္ဘာပျက်သလိုဖြစ်နေတာ

စာမေးပွဲဖြေမဲ့မနက်ဆိုရင် နှာတရှုံ့ရှုံ့နဲ့.တစ်ခါတစ်လေဆို ငိုသေး

စာမေးပွဲဖြေပြီး ထွက်လာရင်တော့ ကျောက်ကျောရေပက်ထားတဲ့မျက်နှာနဲ့ စပ်ဖြဲဖြဲနဲ့

သူကတော့စာမေးပွဲခန်းထဲမှာဘယ်လိုတွေဖြစ်နေလဲမသိ စောင့်ရတဲ့ အပြင်ကလူကတော့ထိုင်မရ ထမရနဲ့ သူ့စာမေးပွဲတွင်းဆိုရင် အလုပ်ဆိုလည်းမသိ companyဆိုတာဘာမှန်းမသိ ကျောင်းရှေ့မှာငုတ်ထုတ်ထိုင်စောင့်ရတဲ့အဖြစ်

ပထမက Appaကဆူပေမဲ့ သူ့သမက်ကြောင့်ဆိုတာလည်းသိရော ခွင့်တွေဘာတွေတောင်ပေးလို့

အခုချိန်ကျွန်တော်ဆုတောင်းနိုင်တာကတော့ ကလေးကျောင်းမြန်မြန်ပြီးဖို့ပါဘဲ

"ခူး ခူး..."

ဟော ဘာသံပါလိမ့်

အခန်းပတ်လည်ကိုကြည့်တော့လည်း ဘာမှမရှိဘူး

အောက်ငုံ့ကြည့်တော့မှ တွေ့ပါပြီတရားခံ

ငိုရင်းမောပြီးအိပ်ပျော်သွားတယ်ထင်ပါရဲ့ ဟောက်သံလေးတွေတောင်ထွက်လို့

Sam's Yeobo (Zawgyi+Unicode)Where stories live. Discover now