(Zawgyi)
"ကဲ Baekhyunee ဆေးလိမ်းရအောင်"
"Nae"
အညိုအမဲနည်းနည်းလေးဘဲ ကျန်တော့တာရယ် ဒီနေ့ ခွင့်ယူထားတာပြည့်သွားတာရယ်ကြောင့် ကျောင်းသွားရမှာကြောင့် Baekhyuneeကို ဆေးလိမ်းပေးဖို့ပြောလိုက်တယ်
"ကဲ ဆေးလိမ်းပြီးပြီ မနက်စာစားရအောင်"
"Nae"
မနက်စာကိုရိုးရိုးရှင်းရှင်းလေး ကော်ဖီနဲ့စတော်ဘယ်ရီယိုသုတ်ထားတဲ့ ပေါင်မုန့်လေးဘဲပြင်ဆင်ထားတယ်
"Hyung စတော်ဘယ်ရီယိုလေးထပ်ပေးဦး"
"တော်ပြီလေ အများကြီးသုတ်ပေးထားတာကို"
"ဟင့် နည်းနည်းလေးဘဲထပ်ပေးလေနော်"
"နည်းနည်းလဲမရဘူး များများလည်းမရဘူး ချောင်းဆိုးမယ်လေ Baekhyunee"
"ဟင့် ပြီးတာဘဲ"
ပြောမရတော့ နှုတ်ခမ်းလေးဆူပြီး စားနေလေရဲ့
"ကျောင်းမှာ စာသေချာနားထောင် စာလည်းလိုက်ရေးဦး ညနေကျရင် စာသင်ရမယ်နော်"
"သိပါတယ်"
"ကဲ စားပြီးရင် ကျောင်းသွားမယ်လေ"
"ဟင်"
ပြူးကြောင်ကြောင်နဲ့လိုက်ကြည့်နေတယ့် Baekhyuneeကို နားလည်သလိုပြုံးပြလိုက်ပြီး
"ဒီနေ့ကစပြီး Hyungနဲ့တူတူကျောင်းသွားရမယ် အပြန်ကျရင်တော့ Kyungsooနဲ့ပြန်ပေါ့"
"Hyungကျောင်းရောက်တာ စောနေမှာပေါ့ ပြီးတော့ တခြားသူတွေမြင်ရင်ဘယ်လိုလုပ်မလဲ"
"စောတာကဘာမှမဖြစ်ပါဘူး ပြီးတော့ Hyungတို့ကလက်ထပ်ပြီးပြီလေ တခြားသူတွေမြင်လည်း ဘာဖြစ်လဲ"
"Hyung"
"Baekhyunee Hyungပြောပြီးပြီလေ Hyungကြိုးစားမယ်လို့ ဒီအတိုင်းဆိုအဆင်ပြေတယ်မလား"
"အင်း အင်း အဆင်ပြေတာထက်ကိုပိုပါတယ် Hyungရယ်"
ခေါင်းကို ပုတ်သင်ညိုအဖေခေါ်လို့ရအောင် ငြိမ့်ရင်း ပြောလာတဲ့Baekhyunee
"ကဲ အဲ့ဒါဆို uniformသွားလဲတော့ အင်္ကျီလဲပြီးသွားတဲ့Hyungဘဲပန်းကန်တွေဆေးလိုက်မယ်"