Fourteen

15.8K 1.3K 89
                                    

(Zawgyi)

"Hyung အိပ်ချင်ပြီ"

"ဟင် ဒီနေ့အတွက် ပေးထားတဲ့ပုစ္ဆာတွေမပြီးသေးဘူးလေ ပြီးတော့ essays နှစ်ပုဒ်လည်းဖတ်ရဦးမယ်လေ"

"ဟင့် အိပ်ချင်နေပြီ"

"အဲ့ဒါဆို နာရီဝက်လောက်အိပ်လိုက် ပြီးရင် Hyungနှိုးပေးမယ်"

"အွန်း"

စာအုပ်တွေချပြီး ဆိုဖာပေါ်ကွေးကွေးလေးအိပ်သွားတဲ့ Baekhyuneeအပေါ် စောင်လေးခြုံပေးလိုက်တယ်

ကျွန်တော်ကတော့ ဘေးကဆိုဖာမှာထိုင်ပြီး Baekhyuneeတွက်ထားတဲ့ ပုစ္ဆာတွေစစ်နေလိုက်တယ်

သူလဲတော်တော်ပင်ပန်းနေရှာပြီ Examကလည်း သုံးရက်ဘဲကျန်တော့တယ် စာတွေလည်းတော်တော်ပြီးနေပြီ revision ပြန်တဲ့အဆင့်တောင်ရောက်နေပြီလေ

ဒီကောင်လေး ဉာဏ်ကောင်းတာကတော့ အံ့မခန်းဘဲ တွက်ပြီးသားပုစ္ဆာတွေဆို ဘယ်အချိန် တွက်ခိုင်းတွက်ခိုင်း အဖြေမှန်ထွက်လာမြဲ ရပြီးသားစာတွေဆို ဘယ်လိုမေးမေးရတယ် ခက်တာက စာမလုပ်ချင်တာဘဲ ဉာဏ်ကောင်းတဲ့ကလေးတိုင်း စာမလုပ်ချင်တာတွေချည်းပါဘဲ နားလည်ပါတယ်

"Baekhyunee ထတော့ နာရီဝက်ပြည့်ပြီ"

"ဟုတ်"

"အသီးစားဦးမလား"

"ဟုတ်"

အဲပြောဖို့မေ့နေတာ Baekhyuneeမှာကောင်းတဲ့အချက်ရှိသေးတယ် သူအရမ်းအိပ်ချင်နေရင် နာရီဝက်လောက်ဖြစ်ဖြစ် အိပ်ခိုင်းလိုက် နှိုးရင်လည်းချက်ချင်းထတယ် ပြီးရင် စိတ်ကြည်ကြည်လင်လင်နဲ့စာလုပ်တာဘဲ ကျွန်တော်ကတော့ အလိုက်သတိ အသီးလေးဘာလေးစားမလားလို့ မေးရတာပေါ့ဗျာ😖
.
.
.
.
.
.
"ကဲ မနက်ဖြန် စာမေးပွဲနော်"

"ဟာဗျာ Samရာ မေ့ထားတာကို"

စာမေးပွဲရှိတာကိုသတိပေးလိုက်တာနဲ့ ကျောင်းသူကျောင်းသားတွေရဲ့ ညည်းညူတဲ့အသံတွေထွက်လာလေရဲ့

"တိတ်စမ်း ဆူညံနေတာဘဲ"

တစ်ယောက်တစ်ပေါက်ဆီ အော်ဟစ်နေတာနဲ့ ဟောက်လိုက်မှငြိမ်သွားကြတာပင်

"အဲ့တော့ စာမေးပွဲကိုကောင်းကောင်းဖြေကြပါ ဒီတစ်ခေါက်မေးခွန်းက ဆရာကြီးထုတ်တာဆိုတော့ text bookထဲကစာတွေကို ထောင့်စေ့အောင်ကြည့်ထားကြ ပြီးတော့ ကိုယ့်ဘာသာကိုဖြေကြ နောက်ကျမှ Park Samအတန်းက ကလေးတွေခိုးချကြတယ် ဘာညာကြားလို့ရတယ် တွေ့မယ်မှတ် ကြားလား"

Sam's Yeobo (Zawgyi+Unicode)Where stories live. Discover now