Ten

18.8K 1.3K 62
                                    

(Zawgyi)

"ဟား ဟား အဲ့တော့မင်း Ommunimရိုက်တာခံလိုက်ရတာပေါ့ ဟားဟား"

Chanyeolတစ်ယောက် အိမ်တိုင်ယာရောက် လာဟားနေတဲ့ Kim Jonginကို သတ်ချင်စိတ်တွေတဖွားဖွားဖြစ်နေပြီ

ဘယ်နဲ့ ကျောင်းမလာလို့ဖုန်းဆက်တာနဲ့ အကြောင်းအရင်းအနည်းငယ်တစ်စွန်းတစ်စပြောပြထားတာကို အကုန်သိချင်လို့ဆိုပြီး ကျောင်းဆင်းတာနဲ့အိမ်ထိရောက်လာတာတဲ့

အကုန်လုံးပြောပြပြီးရော ဟားတိုက်ရယ်နေတာ အခုထိ

"ရယ်ရင်းသေသွားဦးမယ်"

"ငါရယ်ချင်လွန်းလို့ပါကွာ ကျောင်းသားတွေဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ Park Sam ဒီအရွယ်ကြီးမှ အမေရိုက်တာခံလိုက်ရတာ ဟားဟား မင်းဟာက ဂင်းနစ်စံချိန်ဝင်နေဦးမယ် အရယ်ရဆုံးဟာသဆိုပြီး ဟားဟား"

ပြောလည်းပြော သေအောင်လည်းရယ်နေတဲ့ Jonginကို Chanyeolဆက်မပြောဘဲလွှတ်ထားလိုက်တော့တယ်

သူ့ဘာသာမောရင် ရပ်သွားလိမ့်မယ်

Jongin လက်ခုပ်လက်ဝါးတီးရယ်နေရင်းကနေ ချက်ချင်းငြိမ်ကျသွားတဲ့ Park Chanကြောင့်ရယ် တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုခံစားရတာကြောင့်ရယ် ကြောင့် ကြည့်လိုက်မိတော့ အမလေး မျက်ထောင့်နီကြီးနဲ့ကြည့်နေလိုက်တာ

Jongin ရယ်နေတာကို အော်တိုရပ် ပြီးတော့ မျက်နှာပိုးသတ်ပြီး Chanyeolကို ရယ်ပြလိုက်တယ်

"ဪ ရပ်သွားသေးတာဘဲ ငါကရယ်ရင်းတက်သွားမှာစိုးနေတာ"

"မင်းကလည်း"

"မသိလို့မေးပါရစေ ငါ့ကိုဟားဖို့အိမ်လာတာလား"

"မဟုတ်တာ baekhyuneeနေမကောင်းဖူးဆိုလို့ လူနာလာမေးတာပါ"

"ဪ ဟုတ်လား ဒါနဲ့မင်းရောက်ကတည်းက အခုထိ Baekhyuneeအကြောင်း မမေးရသေးဘူးနော်"

"ဟီး မင်းကလည်း"

သူ့ဂုတ်သူပွတ်ရင်းရယ်ပြနေတဲ့ Jonginကို Chanyeol ဆက်မပြောလိုတော့ပါ

"ဟာ Jongin Sam ရောက်နေတာလား"

"အွန်း Baekhyuneeနေမကောင်းဘူးဆိုလို့လာမေးတာ"

Sam's Yeobo (Zawgyi+Unicode)Where stories live. Discover now