(Zawgyi)
"ဘာ ဘာပြောလိုက်တယ် baekhyunee"
"ငါ ကိုယ်ဝန်ဆောင်မလို့"
"Borrr!! Park Baekhyun! Jinja"
"တကယ်ပေါ့ ငါYeolရဲ့သွေးသားလေးကိုမွေးပေးချင်တယ်"
"ဒါမဲ့ Baekhyunee မင်းက ယောက်ျားလေးလေ"
"ခွဲစိတ်လို့ရနေပါပြီကွာ အခုတောင် စုံစမ်းထားတယ်"
"Chanyeol Hyungကလက်ခံပါ့မလား"
ကျွန်တော်စိတ်ထင့်နေတဲ့ဟာကို Kyungsooမေးလာတော့ သက်ပြင်းမောတစ်ချက်သာချလိုက်မိတော့တယ်
"ငါလည်းသေချာတော့မသိဘူး ဒါမဲ့ Yeolက ကလေးအရမ်းချစ်တော့လက်ခံမှာပါ ငါကိုယ်တိုင်ကလည်း ချစ်ရသူရဲ့ရင်သွေးလေးကိုမွေးပေးချင်တယ်"
မျှော်လင့်နေတဲ့ မျက်လုံးလေးတွေနဲ့ ပြောလာတဲ့ Baekhyuneeကိုတော့ သူစိတ်တိုင်းကျဖြစ်ပါစေလို့ ဆုတောင်းပေးရုံမှတစ်ပါး ဘာမှမရှိတော့ပေ။
နေမကောင်းလို့ ဆေးထိုးရမှာတောင် ကြောက်ရွံ့တဲ့သူက အခုချစ်ရသူရဲ့ရင်သွေးလေးမွေးဖွားဖို့အတွက် ခွဲစိတ်ဖို့တောင် ရင်ဆိုင်တော့မယ့်ပုံ ဪ အချစ်က အရာရာ ပြောင်းလဲစေပါလား
"ပြီးတော့ Yeolကအခုတလော ငါ့နားသိပ်မနေဘူး ရုံးကပြန်လာရင်လည်း စာကြည့်ခန်းထဲမှာတစ်ချိန်လုံးနေနေတယ် အိပ်ခါနီးသွားခေါ်ရင်လည်း အရင်အိပ်နှင့်ဆိုပြီး အိပ်ခိုင်းတယ် အကယ်၍ Yeolနဲ့ငါ့ကြားမှာ သံယောဇဉ်ကြိုးလေးတစ်ချောင်းသာရှိခဲ့ရင် အဲ့လိုမျိုးဖြစ်မှာမဟုတ်လောက်ဘူး"
ပြတင်းပေါက်ကိုကြည့်ပြီး ဆွေးဆွေးမြည့်မြည့်ပြောလာတဲ့သူငယ်ချင်းလေးကိုကြည့်ပြီး Kyungsooနဲ့ Luhanလည်း စိတ်မကောင်းပေ။
.
.
.
"Chanyeol ကျောင်းဆင်းချိန်နီးနေပြီ""အေးအေး သွားမယ်"
"မင်းလည်း ဒီတစ်ရက်လောက်တော့နားလိုက်ပါဦး တစ်ချိန်လုံးအလုပ်ဘဲလုပ်နေတာ Baekhyuneeကိုအချိန်ပေးလိုက်ဦး"
"အေးပါ ဒီနေ့ညနေအလုပ်တွေအကုန်ရှင်းထားပါတယ်"
"အေးပါ"
စာရင်းတွေထဲ အာရုံစိုက်နေတုန်း Jonginဝင်လာပြီး သတိပေးမှဘဲ ကလေးကိုကြိုဖို့အချိန်ရောက်မှန်းသိရတယ်
![](https://img.wattpad.com/cover/126546622-288-k628153.jpg)