(Zawgyi)
"Hyung ရပ်ရအောင်နော်"
"ဟင် စာလုပ်တာ ဘယ်လောက်မှမရှိသေးဘူးလေ"
"ဟင် ၇နာရီကတည်းကလုပ်နေတာလေ အခု၉နာရီတောင်ခွဲနေပြီကို ရပ်ရအောင်လေနော်"
"Baekhyunee ဒီလပတ်အမှတ်တက်မှဖြစ်မှာနော်"
"သိပါတယ် Hyungရယ် ဒီနေ့တော့တော်တော့နော် ထပ်မလုပ်ချင်တော့ဘူး mola ဆက်လုပ်ချင်လည်း Hyungဘာသာလုပ်တော့ အိပ်တော့မယ်"
"Yar yar Baekhyunee"
ကလေးစုတ်လေး စာသင်ပေးနေတာကို မလုပ်ချင်တော့တာနဲ့ ပလီပလာတွေလုပ်နေတာ
ပြောရင်းစိတ်တိုလာတယ်ထင်ပါရဲ့ လုပ်နေတဲ့စာအုပ်တွေအကုန်ပစ်ချပြီး အပေါ်တက်သွားလေရဲ့
မနိုင်တဲ့ကျွန်တော်ကတော့ သူထားသွားတဲ့ စာအုပ်တွေသေချာပြန်သိမ်းပေး ပြီးတော့ စာလုပ်နေတဲ့သူလးစားရအောင်ဆိုပြီး ပန်းသီးတွေခွဲကျွေးထားတဲ့ပန်းကန်လေးကိုဆေးပေါ့ဗျာ
ကိုယ့်မှာတော့ သူစာလုပ်အောင် အသီးတွေခွဲကျွေးလိုက်ရတာ သူကတော့စားပြီး အိပ်ပြီတဲ့😒😒
ပန်းကန်ဆေးပြီး သိမ်းထားတဲ့စာအုပ်လေးတွေယူပြီး Baekhyunee အခန်းထဲသွားထားပေးလိုက်တယ် ဒါမှကျောင်းသွားခါနီးကျရင် စာအုပ်မရှာမှာလေ
စာအုပ်ထားပြီး ကိုယ့်အခန်းကိုပြန်မလို့ရှိသေးတယ် ကုတင်ပေါ်ကကောင်လေးကို အမှတ်မထင်ကြည့်လိုက်မိတော့ ရယ်တောင်ရယ်မိသွားတယ်
ကြည့်ပါဦး Reader nimတို့ရယ် စောင်ကိုကန်ထားတော့ စောင်က ကုတင်အောက်မှာအပုံလိုက် Baekhyuneeရဲ့အင်္ကျီကလည်း တစ်ဝက်လောက်ထိအပေါ်လိပ်နေသေးတယ် လက်နှစ်ဖက်ကလည်း ရင်ဘတ်ပေါ်တင်ထားသေး ခြေထောက်နှစ်ဖက်ကလည်း ဖြဲကားနေပြီး ပါးစပ်ကလေးက ဟစိဟစိနဲ့ agioo ကလေးလေးတွေအိပ်နေတာနဲ့တူလိုက်တာ
ဒီလိုပုံစံအတိုင်းသားအိပ်မယ်ဆိုရင် သေချာပါတယ် မနက်ဖြန်ဖျားလိမ့်မယ်ဆိုတာ
ဖြဲကားနေတဲ့ ခြေထောက်နှစ်ချောင်းကိုပြန်စိ ဟစိဟစိဖြစ်နေတဲ့ပါးစပ်ကလေးကိုလည်း ပြန်ပိတ်ပေး တစ်ဝက်လောက်ထိအပေါ်တက်နေတဲ့ အင်္ကျီကိုပြန်ဆွဲချပေး အောက်မှာကျနေတဲ့ စောင်လေးကို ယူခြုံပေးပြီး အခန်းထဲကထွက်ဖို့ပြင်တော့ လက်ကိုလာဆွဲတဲ့ Baekhyunee