(Zawgyi)
"Ommaတို့အိမ်အရင်ဝင်မယ်"
"အင်း Baekhyuneeသဘော"
Seoulမြို့ထဲစဝင်လာတော့ ပြောလာတဲ့စကားကြောင့် ဖားပြီးပြန်ပြောလိုက်ပေမဲ့ သက်ဆိုင်သူကြီးကတော့ မျက်လုံးစုံမှိတ်ကာ ထိုင်ခုံကို မှီထိုင်လိုက်တော့ ကျွန်တော့်ပါးစပ်ကြီး autoပိတ်ရရော
မနည်းတောင်းပန်ခယပြီး ခေါ်လို့ လိုက်ခဲ့ရပေမဲ့ သိပ်ကျေနပ်တဲ့ပုံမပေါ်ပေ
Baekhyunee နေခဲ့တဲ့မြို့လေးကလူတွေကလည်း Baekhyuneeကို ဆရာလေး ဆရာလေးနဲ့ပြန်မလွှတ်ချင်ပေ
Baekhyuneeကိုယ်စား တကယ်တော်တဲ့ဆရာတစ်ယောက်ကို အစားထိုးပေးပါ့မယ် ကျွန်တော်တို့ လင်လင်နှစ်ယောက်ကိုခွဲမထားပါနဲ့လို့ပြောမှ မလွှတ်ချင်လွှတ်ချင်နဲ့လွှတ်ပေးလိုက်ရတာ
Baekhyunee ပြန်တော့မယ် ဆိုပြီး ကားပေါ်တက်လာတော့လည်း ကားဘေးပတ်လည်မှာ မျက်ရည်လေးတွေနဲ့ဝိုင်းနှုတ်ဆက်ကြတော့ မျက်ရည်လွယ်သူ Baekhyuneeမှာ ကားပေါ်ကဆင်းပြီးငိုခဲ့ရသေးတယ်
တလမ်းလုံးငြိမ်ပြီးလိုက်လာတဲ့ Baekhyuneeကြောင့် စိတ်အငယ်မိတာတော့အမှန်ပင်
အမြဲတမ်း ပေါက်ပေါက်ဖောက်သလို ပါးစပ်ကနေတရစပ် စကားပြောနေတတ်တဲ့ကလေး ဒီလို ငြိမ်ကျသွားခဲ့တာ ကျွန်တော့်ကြောင့်ဘဲမဟုတ်လား😔😔
"ဟို Baekhyunee တစ်ခုခုဝင်စားပြီးမှ Ommaတို့ဆီသွားရအောင်"
ခေါင်းတချက်သာငြိမ့်ပြလာပြန်တဲ့ Baekhyunee
ဟူး သက်ပြင်းတစ်ချက်သာချလိုက်မိတယ်
"Baekhyunee ဘာစားချင်လဲ"
"အကုန်စားတယ်"
Hak စကားမပြောချင်တာနဲ့ ဘာဖြစ်ဖြစ်အကုန်စားတယ်ဆိုဘဲ စဦးမှ
"အဲ့ဒါဆို သခွားသီးသုပ်သွားစားရအောင်"
"......."
"ဟား ဟား ဟား"
မျက်လုံးပြူးမျက်ဆံပြူးနဲ့ ပြူးကြည့်လာတဲ့ကလေးကြောင့် အားရပါးရရီမိတော့တယ်
ကလေးကို ရယ်ရင်းတစ်ချက်လှည့်ကြည့်လိုက်တော့ မျက်ထောင့်နီကြီးနဲ့ကြည့်နေတာကြောင့် ရီနေတာရပ်ပြီး မျက်နှာပိုးသတ်လိုက်ရတယ်