(Zawgyi)
Happy Birthday Baekhyunne
မွေးနေ့မှာပျော်ရွှင်ပါစေ Yeolကြီးနဲ့လည်း ပိုပြိးချစ်နိုင်ကြပါစေ Membersတွေနဲ့လည်းအဆင်ပြေပြီး ပျော်ရွှင်နိုင်ပါစေPS. Baekhyunneမွေးနေ့ကိုအကြောင်းပြု၍ special bonusကိုရေးပေးလိုက်သည်😊
"Appa!!!!"
"Channie Baekkie မပြေးနဲ့ ချော်လဲမယ်"
သူ့အဖေဆီ လုံးလုံး လုံးလုံးနဲ့ပြေးသွားတဲ့ သားနဲ့သမီးကို သတိပေးလိုက်ပေမဲ့ အမွှေစိန်နှစ်ယောက်ကတော့ ကြားတဲ့ပုံပင်မပေါ်ပေ
"Agioo Appaရဲ့မင်းသားနဲ့မင်းသမီးလေး လွမ်းနေရတာ mwah mwah"
Luggageကြီးဘေးချကာ သားနဲ့သမီးကို အလွမ်းသယ်နေတဲ့ Yeoboကြီး
"Appaကိုလည်းPoPoပေး"
"ဟား.ချစ်ဖို့ကောင်းလိုက်တာကွာ mwah"
"ကဲ ကားပေါ်ရောက်မှ ဆက်ပြီးအလွမ်းသယ်ကြ လာ"
လေဆိပ်မှာ မြင်မကောင်းလောက်အောင် အလွမ်းသယ်နေကြတဲ့သားအဖတွေကို အမြင်ကတ်ကတ်နဲ့ထားခဲ့လိုက်တယ်
"ဟာ babe စောင့်ဦးလေ"
နောက်ကနေအော်ဟော်နေတဲ့Yeoboအသံကို ကြားပေမဲ့ မကြားချင်ယောင်ဆောင်ကာ lugaggeကိုတွန်းသွားလိုက်တယ်
"Babe ကိုယ်တို့ကိုစောင့်ပါဦး"
ဘယ်လောက်မြန်အောင်လျှောက်လျှောက် ခြေတံရှည်ကြီးတွေကိုအသုံးပြုပြီး ခဏအတွင်း ကလေးနှစ်ယောက်ကိုချီပြီးနဘေးရောက်လာတဲ့ Yeoboကြီး
"Pa မီးကိုချီ"
"ချီပါဘူး အလွမ်းသယ်နေတဲ့Appaကိုချီခိုင်း"
"ဟားဟားဟားဟား"
"Ya ဘာရယ်တာလဲ"
"Agioo ချစ်လိုက်တာနော် ကလေးတွေနဲ့တောင်သဝန်တိုနေတာ mwah"
"Ya လူတွေနဲ့ကို အီး"
လူကြားတဲ့အနမ်းခံလိုက်ရလို့ မျက်နှာကြီးနီပြီး ရှက်ရမ်းရမ်းကာ ထွက်သွားတဲ့ Baekhyunne