( Zawgyi)
ရေချိုးခန်းကနေ အသာလေးတံခါးဟကြည့်လိုက်တော့ Hyungကဝရံတာမှာ မတ်တပ်ရပ်ပြီး ဘာတွေတွေးတောနေမှန်းမသိ
အော်လိုက်လို့ စိတ်ကောက်သွားတာကို ပေါ်လွင်အောင် ရောက်ကတည်းက စကားမပြောဘဲ ရေချိုးခန်းထဲဝင်သွားတာတောင် လိုက်မချော့ဘူးတဲ့ ဟင့်
ရေချိုးခန်းထဲကထွက်ပြီး အဝတ်လဲနေတုန်း ဘေးကိုရောက်လာလေရဲ့
လာချော့ပြီထင်ပြီး ပြုံးလိုက်မိပေမဲ့ အထင်နဲ့တလွဲ ကျွန်တော့်ဘေးက တဘက်ကိုယူပြီး ရေချိုးခန်းထဲဝင်သွားလေရဲ့
ဟင့် ငိုချင်လာပြီ
အိပ်ယာပေါ်လှဲပြီး Hyungရေချိုးခန်းထဲကထွက်လာမဲ့အချိန်ကိုစောင့်နေလိုက်တယ်
နှစ်ယောက်တည်းပထမဆုံးထွက်တဲ့ခရီးမှာ ဒီလိုကြီးမချော့ဘဲနဲ့တော့မနေလောက်ပါဘူး
Baekhyuneeလေးတစ်ယောက် သူ့Hyungကိုစောင့်နေပေမဲ့ လေယာဉ်စီးထားတော့ပင်ပန်းပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားရှာလေရဲ့
.
.
.
ရေချိုးပြီး တဘက်လေးပတ်ကာ ခေါင်းလေးသုတ်ရင်း ရေချိုးခန်းထဲကထွက်ခဲ့ပြီး အခန်းထဲဝေ့ကြည့်လိုက်တော့ကုတင်ပေါ်မှာခွေခွေလေးအိပ်ပျော်နေရှာတဲ့ Baekhyuneeလေး
အေးနေတာကို စောင်မခြုံဘဲ သနားစရာကောင်းအောင် ကွေးပြီး အိပ်နေရှာတာ
အဝတ်အစားလဲပြီး အိပ်ယာပေါ်တက်လိုက်တော့ Baekhyuneeက ရင်ခွင်ထဲအတင်းတိုးဝင်လာလေရဲ့
ကျွန်တော်လည်းသူ့ကိုရင်ခွင်ထဲထည့် စောင်ခြုံလိုက်ပြီး Baekhyuneeမျက်နှာလေးကိုကြည့်လိုက်တော့ ငိုထားတယ်ထင်တယ် မျက်လုံးလေးတွေမို့နေရှာတာ
သိသားဘဲ သူလေးကအချော့ခံချင်နေရှာတာ တဘက်သွားယူတုန်းက သူ့ကိုလာချော့တယ်ထင်ပြီး ပြုံးသွားတာမြင်သား မသိချင်ယောင်ဆောင်ပြီး ရေချိုးခန်းထဲဝင်လိုက်တော့ ငိုပြီးအိပ်ပျော်သွားတယ်ထင်ပါရဲ့