(Zawgyi)
"Arr ဒါကဘာတွေလဲ ဟမ်!"
"ဟို ဟိုလေ အဲ့ဒါတွေက ဟီး😁"
အိမ်ထဲဝင်ဝင်ချင်း ဆိုဂျူပုလင်းတွေ ဘီယာဘူးတွေ အသင့်စားခေါက်ဆွဲခြောက်ဘူးတွေနဲ့ ရှုပ်နေတာကို မြင်ပြီး ကလေးက ကျွန်တော့်ကိုဆူတော့ ကျွန်တော်လည်း ဘာပြောရမယ်မှန်းမသိတာကြောင့် ရယ်သာပြလိုက်တယ်
"ကျွန်တော်မရှိဘူးဆိုတာနဲ့ ဖြစ်ချင်တာတွေဖြစ်ပျက်နေလိုက်တာ"
"အဲ့ဒါကြောင့် ကလေးက ကိုယ့်ကိုထိန်းပေးလေ"
"ပြောတတ်တာ အဲ့ပါးစပ်ကြီးက"
"ကလေးကလဲ"
ပြောရင်း ဆိုရင်း ကလေးကို သွားဖက်လိုက်တော့ မသိမသာရုန်းကန်လာတယ်
ဒါပေမဲ့ ကျွန်တော်ကမသိချင်ယောင်ဆောင်ပြီး လွှတ်မပေးတော့ မောလာလို့ထင်ပါရဲ့ ငြိမ်ကျသွားလေရဲ့
"Saranghae Baekhyunee အရမ်းချစ်တယ်"
"ဟို အဝတ်လဲချင်လို့"
"ဟမ် ဪ အင်းပါ အပေါ်တက်ရအောင်လေ"
"Nae"
ကိုယ်ကတော့ feelအပြည့်နဲ့ သူ့ကိုပြောနေတာကို သူလေးက feelငုတ်အောင် အဝတ်လဲမလို့တဲ့ တကယ်ပါဘဲ ခွေးစုတ်လေး
"Yah Park Chanyeollll"
"ဟီး Mian Mian ကိုယ်ပြန်သိမ်းပေးမယ်နော် ကလေး ခဏစောင့်"
ကလေးအခန်းထဲမှာ ကျွန်တော်ထုတ်ကြည့်ထားတဲ့ albumတွေရယ် ဝိုင်ပုလင်းတွေရယ် ပဲခေါက်ဆွဲပန်းကန်တွေရယ် ပြန့်ကျဲနေတာကြောင့် အရင်လို ရိုရိုသေသေတောင်မခေါ်နိုင်ဘဲ မျိုးရိုးပါတပ်အော်တဲ့ ကလေးလေး
ကျွန်တော်လဲအမြန် ကုတင်ပေါ်ကဟာတွေကောက်သိမ်း albumတွေ သေချာပြန်စီပေးရတော့တာပေါ့
"ဒါဘာတွေလဲ"
"ဟမ် ဘာလဲ"
"ဒါဘာလဲလို့!"
"ဟို ကလေး အဲ့ဒါကလေ ဟို"
"ဘယ်တုန်းကတည်းကသောက်တတ်သွားတာလဲ"
"ကလေး"
"မေးနေတယ်လေ ဆေးလိပ်ကိုဘယ်တုန်းကတည်းကသောက်တတ်သွားတာလဲလို့!!!"