Extra 1

12.8K 903 38
                                    

( Zawgyi)

ညဘယ်​အချိန်​အိပ်​အိပ်​ မနက်​၆နာရီဆို autoပွင့်​ လာတဲ့ မျက်​လုံး​တွေ​ကြောင့်​ မျက်​လုံး​တွေကို အသာပွတ်​ကာ နှိုးထလာ​တော့တယ်

မျက်​စိဖွင့်​ဖွင့်​ချင်း မျက်​လုံး​ရှေ့မှာ အရင်​ဆုံးမြင်​လိုက်​ရတာက အပြာနု​ရောင်ရင်​ခွင်​ကြီး

ထိုရင်​ခွင်​က​နေ အသာထွက်​ကာ မျက်​နှာ​လေးကိုကြည့်​လိုက်​​တော့ ကျွန်​​တော့်​ရဲ့ချစ်​လှစွာ​သော Yeoboကြီး Park Chanyeol

သားနဲ့သမီး​တောင်​ ၃နှစ်​ပြည့်​ခါနီး​နေပြီ ကျွန်​​တော့်​Yeoboကြီးက လူပျိုတစ်​​ယောက်​လို ​ချောတုန်း smartကျတုန်း

မိသားစု​တွေအပြင်​ထွက်​ရင်​ က​လေး​တစ်​ဖက်​နဲ့​တောင်​ ​ငေးခံရတဲ့ Yeoboကြီး​ကြောင့်​ သဝန်​တိုရတာ ခဏခဏပင်

အခုလည်းညက သားနဲ့သမီးနဲ့ ​​​​​ဆော့ပြီး ပင်​ပန်းကာ အိပ်​​ပျော်​​နေတာ​တောင်​ ​ချော​မောဆဲ

Companyအလုပ်​​တွေနဲ့ပင်​ပန်း​နေတာ​တောင်​ ကျွန်​​တော့်​​အ​ပေါ်တင်​သာမက သားနဲ့သမီးကိုပါ လို​လေ​သေးမရှိ​အောင်​ ဂရုစိုက်​လွန်းတဲ့ ဒီYeoboကြီးကို တစ်​​နေ့တစ်​​နေ့ အချစ်​တိုး​နေရတယ်

"ဟင်​ က​လေးနိုး​နေပြီလား ခဏအိပ်​ဦး​လေ"

ရင်​ခွင်​ထဲက​နေ လှုပ်​ရွ​နေတဲ့ ကျွန်​​တော့်​​ကြောင့်​ Yeoboကြီးနိုးလာရှာပြီး အတင်းပြန်​အိပ်​ခိုင်း​နေပြီ

"၆နာရီထိုး​နေပြီ Yeoboရဲ့ ကျွန်​​တော်​ထ​တော့မယ်​ Yeoboခဏအိပ်​လိုက်​ဦး​လေ ခဏ​နေရင်​ ပြန်​လာနှိုး​ပေးမယ်​"

"အင်း~~"

အင်းဆိုပြီး သံရှည်​ဆွဲကာ အိပ်​မက်​ကမ္ဘာထဲ ပြန်​ဝင်​သွားရှာပြီ

ကျွန်​​တော်​လည်း မျက်​နှာသစ်​သွားတိုက်​ပြီး မျက်​နှာချင်းဆိုင်​က အရင်​ ကျွန်​​တော်​​နေခဲ့တဲ့အခန်း​လေး အခုသားနဲ့သမီးအခန်း​လေး​ပေါ့ အဲ့အခန်း ထဲဝင်​လိုက်​တယ်

အိပ်​ခန်းထဲဝင်​ဝင်​ချင်း ပန်းနု​ရောင်​ကုတင်​​လေးရယ်​ အပြာနု​ရောင်​ကုတင်​​လေးရယ်​ကို ဦးစွာ​တွေ့လိုက်​ရတယ်

Sam's Yeobo (Zawgyi+Unicode)Where stories live. Discover now