( Zawgyi)
Park Chanyeol's POV
Projectအသစ်ကြောင့် လူရောစိတ်ပါ ပင်ပန်းနေသည့်ကြားထဲမှ စာရင်းကွာနေတာကြောင့် တစ်နေ့ကုန်ခေါင်းမီးတောက်ကာ မြင်မြင်သမျှ ဒေါသတွေထွက်နေခဲ့တာ အခုမှ စာရင်းပြန်ညီသွားတာကြောင့် ပင်ပင်ပန်းပန်း အိမ်ပြန်ခဲ့လိုက်တယ်
အိမ်ပြန်ရောက်လျှင် လာကြိုနေကြ ယောက်ျား ဖြစ်သူရော သားနှင့်သမီးရောပါမတွေ့ရတာကြောင့် စိတ်ပူကာ အိမ်ထဲဝင်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းက မသက်သာပေ
အာဗြဲအောင်ငိုနေတာတောင် သမီးငယ်ကိုထပ်ရိုက်လာတာကြောင့် ကုမ္ပဏီမှာ ပင်ပန်းခဲ့သမျှ ကလေးအပေါ်ပုံချမိတော့သည်
Kim Jongsok ညီအစ်ကိုလိုဆက်ဆံရေးမှန်းသိရက်နဲ့ကို ပါးစပ်က စည်းမစောင့်ဘဲစွတ်စွဲမိပြီ
ကလေးရဲ့မျက်ဝန်းထဲက တစ်ခါမှမမြင်ဖူးသေးတဲ့ အေးစက်နေတဲ့ အကြည့်တွေနဲ့ စူးနင့်တဲ့စကားတွေကြောင့် မှားသွားမှန်းသိပေမဲ့ ဖြေရှင်းဖို့လိုက်သွားချင်ပေမဲ့ ပုခုံးပေါ်မှာ ရှိုက်နေတဲ့ သားနဲ့သမီးကြောင့် လက်လျော့လိုက်ရတယ်
ရှိုက်သံတွေ တဖြည်းဖြည်းဆဲသွားတဲ့ သားနဲ့သမီးကို ခုံပေါ်တင်ကာ ဖြေရှင်းဖို့စရတော့သည်
"Channie Baekkie ဒီစာအုပ်ကို ဘာလို့ဖြဲတာလဲAppaကိုပြော"
"ဟင့်"
"Paရဲ့စာအုပ်တွေကို မကိုင်ရဘူးလို့ပြောထားတာ သားတို့သိတယ်နော်"
"ဟုတ်"
"အဲ့ဒါကို ဘာလို့ဖြဲတာလဲ အခု Paစိတ်ဆိုးသွားပြီ ဘယ်လိုလုပ်မလဲ"
"ဟင့် mian"
"အဲ့ဒါ Appaကိုပြောရမှာမဟုတ်ဘူး.Paကိုတောင်းပန်ရမှာ Appaမေးထားတာပြောဦးလေ Paစာအုပ်တွေဘာလို့ဖြဲပစ်တာလဲလို့"
"ဟင့် ညီမရေးနဲ့ဆော့ရင်းနဲ့ ဖြစ်သွားရာ"
"အဲ့ဒါဆို Paကိုရှင်းပြလေ Paကိုဘာကြောင့်ဖြစ်တယ်ဆိုတာ ဖြေရှင်းရမယ်လေ သားတို့က ရှင်းမပြတော့ Paကစိတ်တိုပြီပေါ့"