(Zawgyi)
Ti ti ti(alarm rings)
တတီတီနဲ့မြည်လာတဲ့alarmကြောင့် မထချင်ပေမဲ့လည်း ထလိုက်ရတယ် ကျောင်းသွားရဦးမယ်လေ
ညက ကူးရမှာတွေမပြီးသေးတာနဲ့ ကူးလိုက်တာ မနက်၅နာရီထိုးသွားတယ်လေ
၂နာရီလောက်အိပ်မယ်ဆိုပြီး alarmပေးပြီးအိပ်လိုက်တာ အခုတော့ ထရတော့မယ်လေ
မနေ့ညက မအိပ်ဘဲရေးလိုက်တဲ့အကျိုးကြောင့် exercises ၂ခုသာကျန်တော့သည်လေ
ကျောင်းမှာအားတဲ့အချိန်လေးတွေရေးမယ် ညနေHyungမလာသေးတဲ့အချိန်တွေမှာရေးရင်ပြီးကောင်းပြီးနိုင်ပါရဲ့
Fighting Park Baekhyun
မျက်နှာလေးသစ်ပြီး မနက်စာပြင်ဖို့အခန်းထဲကထွက်လာလိုက်တယ်
မီးဖိုချောင်ထဲရောက်တော့ စားပွဲပေါ်မှာ တစ်ခုခုကိုအုပ်ထားတဲ့ အုပ်ဆောင်းလေးတစ်ခုနဲ့ sticker noteလေးတစ်ရွက်
#အစည်းအဝေးရှိလို့သွားနှင့်ပြီ အိပ်ပျော်နေလို့မနိုးတော့တာ မနက်စာပြင်ထားတယ် စားလိုက်ဦး btw ရိုက်ဖို့ကြိမ်လုံးလေး အခန်းထဲမှာရှိတယ် သွားနှုတ်ဆက်ချင်ဆက်လိုက်ဦး^_^#
Ashi ချန်ခဲ့တဲ့စာလေးဖတ်ရင်း ပီတိတွေဖြာနေတုန်း ဖတ်ရင်းနဲ့တောင် ခြေသလုံးတွေနာလာသလိုဘဲ
ပေါက်ပေါက်ရှာရှာ ကိုယ်ရိုက်ခံရမဲ့ ကြိမ်လုံးကို သွားနှုတ်ဆက်ရဦးမယ်ဆိုဘဲ ashi hyungကတော့ကွာ
စားပြီးသောက်ပြီး ပန်းကန်ဆေးပြီး ကျောင်းကိုချီတက်ခဲ့လိုက်တယ်
အိမ်နဲ့ကျောင်းက နီးလားဆိုတော့ မနီးဘူး ဝေးလားဆိုလည်း မဝေးဘူး
ရှင်းရှင်းပြောရရင်ဗျာ လမ်းလျှောက်ရင် နာရီဝက်လောက်လျှောက်ရတယ် ကားနဲ့သွားရင် ၁၀မိနစ်လောက်ဘဲ
Hyungက သူ့ကားနဲ့သူသွားတော့ ကျွန်တော်က လမ်းလျှောက်သွားတာပေါ့ဗျာ
.
.
.
.
.
.
ဆရာတစ်ယောက်နဲ့တစ်ယောက် အဝင်အထွက်မှာ ရတဲ့အချိန်တွေကိုအကျိုးရှိစွာ အသုံးချထားလိုက်တာ နေ့လည်ထမင်းစားဆင်းလည်းတက်ရော အပုဒ်၂၀ဘဲကျန်တော့တယ်