(Zawgyi)
Chanyeolတစ်ယောက် သူ့အခန်းထဲမှာရှိတဲ့ ပစ္စည်းတွေအကုန်ရိုက်ခွဲပြီး ဒူးထောက်ငိုကြွေးနေလေရဲ့
Noona Noonaကဘာလို့ Baekhyuneeကိုပြန်ပေးဆွဲတာလဲ သူလက်ထပ်တော့မှာမို့လို့လား အဲ့ဒါဆို ဘာလို့ဟန်ဆောင်ခဲ့လဲ သူ့ကိုလမ်းခွဲမယ်လို့ဘာလို့ပြောခဲ့လဲ Baekhyuneeကိုသေချာစောင့်ရှောက်ပါလို့ ဂရုဏာရှင်တစ်ယောက်လိုဘာလို့ပြောခဲ့တာလဲ အဲ့ဒါတွေကြောင့် သူBaekyuneeအပေါ် ပိုလျစ်လျူခဲ့တာ သူသာBaekhyuneeကိုမုန်းကြောင်းပြောခဲ့ရင် သူအဲ့လောက်မှားခဲ့မှာမဟုတ်ဘူး
Baekyunee Baekhyunee ကလေးဘယ်လောက်တောင်ကြောက်နေခဲ့မလဲ မိဘတွေဆုံးသွားလို့စိတ်ဒဏ်ရာရနေတဲ့ကလေးက ပြန်ပေးဆွဲခံခဲ့ရတယ်တဲ့ သူဘာလို့အဲ့ကိစ္စတွေမသိခဲ့တာလဲ သူBaekhyuneeအပေါ် ရက်ရက်စက်စက်ဆက်ဆံခဲ့တာတွေ လျစ်လျူရှုခဲ့တာတွေ မသိချင်ယောင်ဆောင်နေခဲ့တာတွေ အပြစ်ပေးတာတွေ ဟား အများကြီးဘဲ သူကလေးပေါ်လုပ်ခဲ့တာတွေအများကြီးဘဲ အခု အခု သူကလေးကိုဘယ်လို မျက်နှာချင်းဆိုင်ရတော့မလဲ
Chanyeol သူရိုက်ခွဲထားတဲ့ ပစ္စည်းပုံတွေကြားကနေ ကုန်းရုံးထပြီး Baekhyunအခန်းကိုထထွက်သွားပုံက စိတ်လွတ်နေသယောင်
မျက်လုံးလေးတွေမို့အစ်နေပြီး တစ်ချက်တစ်ချက်ရှိုက်ကာ အိပ်ပျော်နေတဲ့ Baekhyunee ငိုရင်း အိပ်ပျော်သွားတာက သက်သေပြနေသယောင်
ကုတင်ပေါ်ထိုင်လိုက်ကာ ကလေးရဲ့နဖူးပေါ်မှာကျနေတဲ့ဆံပင်လေးတွေကို သပ်တင်ပေးလိုက်တယ်
အရင်က အိပ်ရင် မိဘတွေကိုသတိရကာ ယောင်ယမ်းငိုတတ်တဲ့ အကျင့်ကြောင့် ကျွန်တော့်မှာညညဆို သီချင်းဆိုသိပ်ရတာနဲ့ ချော့ရတာနဲ့ ဖင်ပုတ်ပေးရတာနဲ့ တစ်ခါတစ်လေ မအိပ်ချင်တော့ဘူးဆိုကာ ညဘက်ကြီးဝရံတာထွက်ပြီး ကြယ်ထွက်ကြည့်တာမျိုး ပြီးရင် ကျွန်တော့်ရင်ခွင်ထဲဝင်ကာ ဖက်ထားပေးဦးဆိုပြီး ဂျီကျတာမျိုး အရမ်းကိုပျော်ရွှင်ဖွယ်ကောင်းခဲ့တဲ့အချိန်တွေဘဲ
Hak Park Chanyeol အဲ့ဒါတွေပျက်စီးသွားအောင်မင်းကိုယ်တိုင်လုပ်ခဲ့တာဘဲလေ အခုမှာဘာတွေဝမ်းနည်းနေတာလဲ