(Zawgyi)
အခန်းထဲမှာ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် ထိုင်လိုက် ထလိုက် လုပ်နေတဲ့ Park Chanyeolကို ကြည့်ပြီး မျက်စိတွေတောင်နောက်လာသလိုဘဲ
ရုံးတက်ကတည်းက လဒမိုင်မိုင်နေတဲ့ Park Chanyeolကြောင့် လချုပ်စာရင်းတွေမှားမှာစိုးလို့ သူ့အစား စာရင်းလုပ်ပေးရတဲ့ ကျွန်တော့်မှ အားမနာ စာရင်းစာရွက်တွေကိုလက်လေးနဲ့တောင်မထိဘဲ ထိုင်မရထမရဖြစ်နေတဲ့ Park Chanyeol ကို နားရင်းတွေချည်းပိတ်အုပ်ချင်နေပြီ
ဟော ပြောရင်းဆိုရင်းနဲ့ ရှေ့မှာလာထိုင်နေပြန်ပြီ
"ဟင်း...."
အင်း သက်ပြင်းချရင် အသက်တိုတယ်ဆိုရင် Park Chanyeolတို့သေနှစ်စေ့နေပြီ တစ်နေ့တည်းနဲ့ arnyi နှစ်နာရီလောက်ဘဲရှိသေးတယ် သက်ပြင်းချတာအခါ၃၀ကျော်နေပြီ
"ဟူး.."
"ကဲ အမောင် Park Chanyeolရေ မင်းအလုပ်တွေလုပ်ပေးနေတဲ့ ငါ့မှအားမနာ ထိုင်မရထမရနဲ့ ဖင်ထဲပိုးဟပ်ဝင်နေတာကြနေတာဘဲ"
"Jongin ah အခု ကလေးဘာလုပ်နေမလဲမသိဘူးနော်"
"ငါဘယ်လိုလုပ်သိပါ့မလဲ"
"အေးလေနော် ဒါနဲ့ Appaက အိမ်ကဆင်းသွားလို့ ဆူနေတာလားမသိဘူးနော်"
"Chanyeolရေ ငါဆဲမိတော့မယ်နော် ဦးနှောက်လေးဘာလေးနဲ့လဲစဉ်းစားဦး Appujiနဲ့Ommunieက Baekhyuneeကို မင်းထက်တောင်ပိုချစ်သေးတယ်ဟ အဲ့လိုကလေး ကိုဆူပါ့မလား မင်းဆိုရင်သာမပြောတတ်တာ"
"အေး အဲ့ဒါလဲဟုတ်သားဘဲ ဒါမဲ့ ငါစိတ်ပူတယ်ဟာ ဖုန်းလည်းမဆက်ဘူးဟ"
"Yarrr Park Chanyeol ထွက်သွား မင်းအခုချက်ချင်း ငါ့မျက်စိကနေထွက်သွားစမ်း!!"
ထရိုက်မိမှာစိုးတာနဲ့ နှင်ထုတ်တော့လဲ မျက်နှာငယ်လေးနဲ့ထိုင်ကြည့်နေပြန်ပြီ
"မင်းကလည်း ငါ့မှာရင်ဖွင့်စရာမင်းဘဲရှိတာကို"
"ဟင်း ကဲပြော ငါကဘာလုပ်ပေးရမှာလဲ"
မတတ်နိုင်တဲ့အဆုံး လက်လျော့ပြီးမေးကြည့်တော့မှ ဖြီးပြလာတဲ့ Park Chanyeol
ဪ ရုပ်ပြောင်းရုပ်လွဲလည်းလုပ်တတ်တာဘဲ😅
"ဟိုလေ ငါဘာလုပ်ရမလဲ"