(Zawgyi)
မနက်၆နာရီခွဲဆို autoပွင့်လာတဲ့ မျက်လုံးတွေကြောင့် မျက်နှာသစ် သွားတိုက်ပြီး အောက်ထပ်ဆင်းခဲ့လိုက်တယ်
ခါတိုင်းဆို သူအပေါ်ကဆင်းလာတိုင်း သီချင်းလေးဆိုပြီး ဟိုလှုပ်ဒီလှုပ်နဲ့ မနက်စာပြင်နေတတ်တဲ့ ဟိုကလေးကြောင့် အပေါ်ထပ်ပြန်တက်ရမြဲ
အခုတော့ သီချင်းသံလည်းမကြားရဘဲ တိတ်ဆိတ်နေတဲ့ မီးဖိုချောင်ကြီးကို တွေ့မြင်လိုက်ရတယ်
မနေ့က ကျောင်းလစ်တဲ့နှစ်ယောက်ကို စိတ်တိုနေတာနဲ့ပေါင်းပြီး ဟိုကလေးကို ရိုက်လိုက်မိတာ အချက်၂၀တောင်မှ
ကျွန်တော့်လက်စက ၂ချက်ဆိုရင်တောင် တစ်ချို့ကျောင်းသားကျောင်းသူတွေ ထော့နဲ့ထော့နဲ့ဖြစ်နေကြတာ အခုအချက်၂၀ဆိုတော့ ဟိုကလေးမထနိုင်ဘူးထင်တယ်
မျက်စိထဲမှာ သူမနေ့ကရိုက်လိုက်လို့ ဖြူအုနေတဲ့ ခြေသလုံးသွယ်သွယ်လေးထက်မှာ နီရဲနေတဲ့ အရှိုးရာတွေ မြင်ယောင်လာတော့ ခေါင်းခါပြီး မနက်စာပြင်နေလိုက်တော့တယ်
ဟိုကလေးမှမထနိုင်တာ ကိုယ်ဘဲပြင်ရတော့မှာပေါ့
မနက်စာလေးပြင်ပြီး အပေါ်တက် ရေချိုးလိုက်တယ်
ရေမိုးချိုး ကျောင်းသွားဖို့အဝတ်အစားလဲပြီးသည် အထိ ဟိုဘက်အခန်းက ဘာအသံမှမကြားရပေ
ဒေါက် ဒေါက်
အသိပေးသလို တံခါးခေါက်လိုက်တော့
"Nae"
ပြန်ထူးလာတဲ့အသံသေးသေးလေး
ဝင်သွားလိုက်တော့ ကုတင်ပေါ်မှာလှဲနေရှာတယ်
"မထနိုင်ဘူးလား"
"ဟုတ်"
"Mian ငါနည်းနည်းကြမ်းသွားတယ်"
"မဟုတ်တာ ကျွန်တော့်အပြစ်ဘဲကို"
"ဟင်း ဆေးလိမ်းပြီးပြီလား"