(Zawgyi)
"Baekhyunee ကလေးရေ ထတော့လေ"
"ဟင့် Hyung"
"ထတော့ကလေးရဲ့ ကိုယ်မနက်စာတောင်ပြင်ပြီးသွားပြီ"
"ဟင် စောစောနှိုးတာမဟုတ်ဘူး ကျွန်တော်မနက်စာပြင်ပေးမှာပေါ့"
"Arnyi အခုကနေစပြီး မနက်တိုင်း ကိုယ်ဘဲမနက်စာပြင်ပေးမယ် ပြီးရင် ကလေးကို ဒီလိုလေးလာနှိုးမယ်"
"ဟီး တကယ်လား"
"ဒါပေါ့ ဒါမဲ့ ညစာတော့ ကလေးကျွေးရမှာနော်"
"အင်းလေ မနက်စာကိုHyungလုပ်ပေးမှတော့ ညစာကျွန်တော်ကျွေးရမှာပေါ့ ညနေဘာစားချင်လဲဟင်"
"ဟို ကိုယ်တာအဲ့ဒါမဟုတ်ဘူးလေ ဟို ဟိုလေကွာ"
"ပြောပါ အားမနာပါနဲ့ ပြောဘာစားချင်တာလဲ"
"တကယ်ပြောရမှာလား"
"ပြောပါ ဒီလူနဲ့ဒီလူအားနာစရာလား"
"ဟီး Baekhyuneeကိုစားချင်တာ"
"ဪ ဒါများ ချက်ကျွေး.......Yar Park Chanyeol!!"
"ဟီး ကလေးဘဲစားချင်တာပြောဆိုလို့လေ"
"ကျွန်တော်ပြောတာ အဲ့ဒါမှမဟုတ်တာ"
"ဘာဘဲဖြစ်ဖြစ် ကိုယ်စားချင်တာ Baekhyuneeကိုကွာ ကျွေးမှာလားပြော"
"ဟို ဟိုလေ အဲ့ဒါက"
မျက်လုံးလေး ကလယ်ကလယ်နဲ့ ဘာပြောလို့ပြောရမယ်မှန်းမသိတဲ့ ကလေးကိုကြည့်ပြီး ချစ်စိတ်တွေပိုတိုးလာရတယ်
တစ်ဖက်ကလည်း ကိုယ့်ကိုအခုချိန်ထိ မယုံကြည်ဘူးလားဆိုပြီး စိတ်မကောင်းဖြစ်မိပေမဲ့ မယုံကြည်ရအောင်လည်း ကိုယ်ဘဲလုပ်ခဲ့တာဆိုတော့လည်း ဟင်း😓😓
"ကဲပါ ကလေးရယ် ကိုယ်ကစတာပါကွာ"
"ဟင့် တောင်းပန်ပါတယ်"
"ဘာမှတောင်းပန်စရာမလိုပါဘူးကွာ ကိုယ်ကဒီတိုင်းစလိုက်တာကို ကလေးကအဲ့လိုမျိုးကြီးပြောတော့ ကိုယ်တော့ စိတ်မကောင်းတောင်ဖြစ်လာပြီ"
"အဲ့ဒါကြောင့် မဟုတ်ပါဘူး Hyungတွေးနေသလိုမျိုး Hyungကိုမယုံကြည်တာမဟုတ်ပါဘူး ကျွန်တော် အဆင်သင့်မဖြစ်သေးလို့ပါ အိမ်ထောင်တစ်ခုမှာ အဲ့ကိစ္စမပါလို့မှမရတာ ချစ်လို့ယူတာဘဲဖြစ်ဖြစ် မချစ်မကြိုက်ဘဲ မိဘတွေကြောင့်ယူခဲ့ရတာဘဲဖြစ်ဖြစ် အဲ့ဒါကမဖြစ်မနေကြုံတွေ့ရတာဘဲလေ Hyungသာစိတ်ရှိရင် ကျွန်တော်စိတ်ပါပါမပါပါHyungလုပ်ချင်သလိုလုပ်လို့ရတယ်လေ အဲ့လိုမလုပ်ဘဲအခုလိုမျိုးတောင်းဆိုတာတောင် မပေးနိုင်သေးလို့တောင်းပန်တာပါ"