Thirty-Six

12.8K 1K 68
                                    

( Zawgyi)

ဆေးရုံကုတင်​​ပေါ်မှာ ​dripချိတ်​ပြီး လှဲ​နေတဲ့ က​လေးကိုကြည့်​ပြီး ရင်​ထဲ​မှာ တစ်​ခုခုစို့​နေသလိုဘဲ

ဆေးရုံ​ရောက်​​ရောက်​ချင်း ရှင်းပြလာတဲ့ Kyungsooတို့ကိုလည်း ​ဒေါသထွက်​မိသလို အခုလို သူ့ကိုမတိုင်​ပင်​ဘဲ ​တစ်​​ယောက်​တည်း ခိုး​ကြောင်​​ခိုးဝှက်​ လာပြီးခွဲစိတ်​တဲ့က​လေးကိုလည်း​ ​ဒေါသထွက်​တယ်

ဆရာဝန်​ကို​ပြော​တော့လည်း၁၈နှစ်​ပြည့်​ပြီးတဲ့အပြင်​ ​ယောက်ျားအတွက်​ လက်​​ဆောင်​​ပေးချင်​လို့ပါလို့ ​ပြောလာတဲ့က​လေးကို သူလည်းမတားနိုင်​ခဲ့ဘူးတဲ့

အတန်း​တွေလစ်​လစ်​ပြီး hormones​ဆေး​တွေသွားထိုး​နေတာကို မသိ​လောက်​​အောင်​ထိ တာဝန်​​တွေပျက်​ကွက်​​နေတဲ့ကိုယ့်​ကိုကိုယ်​လည်း​ဒေါသထွက်​တယ်

သူဒီ​လောက်​ငိုယိုပြီး တားထားတာ​တောင်​ ရ​အောင်​လာခွဲတယ်​ဆို​တော့ သူ့စကားက က​လေးအ​ပေါ် သက်​​ရောက်​မှုမရှိဘူးဆိုတဲ့သ​ဘောလား

"Baekhyunee baekhyunee ဘယ်​လိုဖြစ်​တာလဲ"

ကျ​နော်​အ​ကြောင်းကြားထားတာ​ကြောင့်​ ​ဆေးရုံကို​ရောက်​လာတဲ့ Appaနဲ့ Ommaကိုလည်း ရှင်းပြဖို့အားမရှိ

န​ဘေးနားက Kyungsooနဲ့ Luhanတို့ရှင်းပြ​နေတာ​တွေကြား​နေရတယ်

"အမ​လေး Baekhyuneeရယ်​ Ommaတို့က သားကို သားအရင်းလိုချစ်​လို့ သားမက်​အ​နေနဲ့ကိုအပိုင်​သိမ်းခဲ့တာပါကွာ မျိုးဆက်​လိုချင်​ရင်​ ဘာကိစ္စသားနဲ့​ပေးစားရမှာလဲ"

"မိုက်​လိုက်​တာBaekhyuneeရယ်​"

Ommaတို့ရဲ့မချိတင်​ကဲ​ရေရွတ်​သံ​တွေကြား​လေ ကျ​နော်​ငိုချင်​စိတ်​​တွေကိုမနည်း ထိန်းချုပ်​ထားရတယ်

"Chanyeol ah Appaတို့စကားခဏ​ပြောရ​အောင်​"

ကျ​နော့်​ကို​ပြောပြီး ​အခန်းအပြင်​ထွက်​သွားနဲ့ Appa​နောက်​ကိုကျ​နော်​လိုက်​သွားမိတယ်

လေ​အေး​အေး​လေး​တွေတိုက်​​နေ​ပေမဲ့ထို​လေ​အေး​အေး​လေး​တွေက ​ခေါင်​မိုးထပ်​မှာ မတ်​တပ်​ရပ်​​နေတဲ့ ​ယောက်ျားနှစ်​​ယောက်​ရဲ့ရင်​တွင်းအပူကို​တော့ မ​အေးချမ်းနိုင်​​​ပေ

Sam's Yeobo (Zawgyi+Unicode)Where stories live. Discover now