Fic ကိုမဖတ်ခင် ဒီအပိုင်းကိုအရင်ဖတ်ပေးကြပါ
ပထမပြောချင်တဲ့တစ်ချက်က ...
ဒီဇာတ်လမ်းက ကျမရဲ့ကိုယ်ပိုင်ဇာတ်လမ်းမဟုတ်ပါဘူး။ ၂၀၁၀တုန်းကထွက်ခဲ့တဲ့ ဆရာမင်းခိုက်စိုးစန်ရဲ့ မနက်ဖြန်အစီအစဉ် (Tomorrow Programme) ဆိုတဲ့ စာအုပ်ကို YulSic versionနဲ့ပြန်ရေးထားတာပါ။ စာအုပ်ထွက်ပြီးသိပ်မကြာဘူးထင်တယ် ဒီဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်လိုက်သေးတယ်။ မင်းသားနေတိုး၊ မင်းသမီး မိုးယုစံနဲ့။ ကိုယ်ကတော့ မင်းသမီးမကြိုက်လို့ ရုပ်ရှင်မကြည့်ဘူး။ စာအုပ်ပဲဖတ်တယ် ဟိဟိ။ အစကတော့ ဇာတ်လမ်းရဲ့ကျောရိုးကိုပဲယူပြီး ကိုယ့်ဘာသာပြန်ရေးမလို့ စဉ်းစားထားပေမယ့် မူရင်းဇာတ်လမ်းထဲက စာသားတွေက ကောင်းလွန်းအားကြီးနေတယ်။ မူရင်းဝတ္ထုရဲ့ရသကို မဖျက်ဆီးချင်တာကြောင့် ဇာတ်ကောင်တွေရဲ့ နာမည်ကလွဲလို့ ကျန်တဲ့စာလုံးတိုင်းဟာ မူရင်းဝတ္ထုထဲကအတိုင်းပဲပြန်ရေးမှာပါ။ တချို့နေရာလေးတွေလောက်ပဲ Yuri versionနဲ့ကိုက်အောင်လို့ နည်းနည်းပြောင်းရေးထားပါတယ်။ ဒီလိုကြိုပြောထားရတာကလည်း ဒီFicမှာ ကျမရဲ့အရေးအသားတွေကskillသိပ်တက်သွားတယ်လို့ readerတွေထင်သွားမှာစိုးလို့ပါ ဟဲဟဲ။ ဒီFicမှာပါတဲ့ စကားလုံးတစ်လုံးချင်းစီအတွက် ဆရာမင်းခိုက်စိုးစန်ကို creditအပြည့်အဝပေးပါတယ်။ဒုတိယတစ်ချက်ကတော့ ...
မူရင်းဝတ္ထုမှာပါတဲ့ ဇာတ်ကောင်တွေက စင်ကာပူရောက်မြန်မာတွေပါ။ ပြီးတော့ ဝတ္ထုရဲ့ဇာတ်ကြောင်းကိုဆွဲခေါ်သွားတာကလည်း မြန်မာနိုင်ငံနဲ့ပတ်သတ်နေတဲ့ အကြောင်းအရာလေးတွေကအဓိကနေရာမှာရှိနေပါတယ်။ ဒီတော့ Nationalityကိုပါ လိုက်ပြောင်းဖို့မဖြစ်နိုင်ဘူး။ အဲ့ဒါကြောင့်မို့လို့ Yuriတို့Sicaတို့ကို မြန်မာတွေလို့ပဲမြင်ယောင်ပြီးဖတ်ပေးကြပါ။ မျိုးရိုးနာမည်တွေလည်းတစ်ခုမှထည့်မသုံးပါဘူး။ ဖတ်ရတာ အဆင်မပြေဖြစ်သွားရင် နားလည်ပေးကြပါနော်။နောက်ဆုံးအချက်ကတော့ ...
ဒီFicက စပ်မှာပါ။ အစကတည်းက ကြိုပြောထားပါရစေ။ စပ်မှာပါနော်။ အစပ်မကြိုက်တဲ့ readerလေးတွေ ကြိုပြီးရှောင်ရှားလို့ရအောင်လို့ပါ။ စာဖတ်သူတွေ YulSic Ficကောင်းကောင်းလေးတွေဖတ်စေချင်တဲ့ စေတနာကအဓိကပါ။ ဒီဇာတ်လမ်းလေးကို သဘောကျကြတယ်ဆိုရင် လက်ညောင်းခံပြီး typingလုပ်ရကျိုးနပ်ပါပြီ။ဒီFicလေးကို တနင်္လာနေ့တိုင်း ဒိတ်ပေးသွားပါမယ် ... ။
Noel
YOU ARE READING
Tomorrow Programme
Fanfiction'ဘ၀' ဆိုတဲ့ အရာကသာ သေချာရင် တီဗီမှာလို မနက်ဖြန် အစီအစဉ်ကို ကြိုတင်ပြီး ကြေညာချင်ပါတယ် . . .