'Sica ... အိမ်ထဲမှာပဲနေနေရတာ ငြီးငွေ့နေပြီလား'
Yuriက သူ့ကိုယ်သူ ဘာမှမဖြစ်သည့်လူကောင်းပကတိတစ်ယောက်လို Jessicaရှေ့မှာ ဟန်ဆောင်ရတာကိုတော့ ပိပိရိရိရှိဖို့ သတိထားရသည်။
Jessicaကလည်း မျက်စိမမြင်ရသူမို့ Yuriအခြေအနေ ဘာဖြစ်နေပြီကို လုံးဝမရိပ်မိ။
Jessicaက သူမ၏ခံစားမှုကို ရိုးရိုးလေးပင်ဖွင့်ပြောသည်။
'အိမ်ထဲမှာပဲနေရနေရ အိမ်ပြင်မှာပဲနေရနေရ မျက်စိမမြင်ရတဲ့ လူတစ်ယောက်အတွက်ကတော့ နေရာတိုင်းဟာ အတူတူပါပဲ၊ နောက်ပြီးတော့ လူဆိုတာ မွေးကတည်းက သေဖို့စောင့်ဆိုင်း နေရတာမဟုတ်လား၊ သေခြင်းတရားနဲ့ နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ စောင့်စားရခြင်းတွေဟာ အတူတူပါပဲ Yulရယ်'
Jessica၏စကားကြောင့် Yuri ရင်ထဲမှာ စစ်ခနဲ နာကျင်၏။ မင်းနဲ့ကိုယ်နဲ့ ရထားတစ်စင်းတည်းကို အတူတူစောင့်နေရတယ်ဆိုတာကို မင်း မရိပ်မိသေးဘဲကိုး ချစ်သူရယ်။
ခွဲခွာခြင်းရထားမဆိုက်ခင် အချိန်တိုတိုလေးအတွင်းမှာ ငါ ကြင်နာနိုင်သမျှဟာ မင်းအတွက်လုံလောက်ပါ့မလားဆိုတာ တစ်ခုတော့ စိတ်ပူမိပါရဲ့။
ငါ့ဘက်က တာဝန်မကျေတာများရှိရင် ခွင့်လွှတ်ပါ ချစ်သူရယ်။
Yuriနှလုံးအိမ်ထဲမှ မှောင်မိုက်တိတ်ဆိတ်မှုကို Jessica၏ ခေါ်သံတိုးတိုးက အလင်းခတ်လိုက်၏။
'Yul'
'ပြောလေ Sica၊ Yul ဘာလုပ်ပေးရမလဲ'
'ဟိုအရင်တုန်းက Sicaတို့ အတူတူသွားခဲ့ကြတဲ့ နေရာတွေကို Sicaမသေခင် တစ်ခေါက်လောက်ပြန်သွားကြည့်ချင်သေးတယ် Yulရယ်'
'ဪ .... Sica ရယ်'
စကားလုံးတွေနောက်ကွယ်မှ သူမ၏အတိတ်လွမ်းသော အဖြူေ
ရာင်ပိုးအိမ်မျှင်တွေကို မြင်နေရသည်။
Jessicaက ....
'အခု ... အဲဒီနေရာတွေကို ပြန်ရောက်ရင်တောင် Sicaကတော့ ဘာမှမြင်ရတော့မှာမဟုတ်ဘူးပေါ့၊ ဒါပေမဲ့ Yulကို Sicaမျက်လုံးတွေရဲ့အစားရထားတာပဲ၊ အတူတူသွားရင်း Yul မြင်ရသမျှတွေအားလုံး Sicaကို ပြန်ပြောပြပါနော်၊ Sica မမြင်ရပေမယ့် Yulလက်ကိုကိုင်ထားရင်း စိတ်ကူးနဲ့ မြင်ယောင်ကြည့်ပါ့မယ်'
YOU ARE READING
Tomorrow Programme
Fanfiction'ဘ၀' ဆိုတဲ့ အရာကသာ သေချာရင် တီဗီမှာလို မနက်ဖြန် အစီအစဉ်ကို ကြိုတင်ပြီး ကြေညာချင်ပါတယ် . . .
