'ငါမသိဘဲ နင့်ကိုအပြင်ပေးထွက်ဖို့ စိတ်မချတော့ဘူး၊ နင် အိမ်မပြန်ချင်ဘူးဆိုလည်း ငါ့အိမ်မှာပဲနေလို့ရတယ်၊ အခုလို စိတ်ထင်ရာတွေ စွတ်ရွတ်ပြီး လျှောက်လုပ်မနေနဲ့'
Yuriက ကရုဏာသံတဝက် စိတ်တိုသံတဝက်ဖြင့် ခပ်ဆတ်ဆတ်လေး ပြောလိုက်သည်။
Jessicaကတော့ သူ့ကိုအတင်းပွေ့ချီခေါ်ချလာသော Yuriကိုပင် စိတ်တိုနေသလိုမျိုး မျက်နှာစူပုပ်ပုပ်လုပ်နေ၏။
Yuriက အချိုးမပြေလှသော ကောင်မစုတ်ကလေးကို အပြစ်တင်ချင်သည့်အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ........
'ဟင်း ...... လူပုံစံကြည့်တော့ ညောင်နာနာနဲ့၊ လုပ်လိုက်ရင် သေဘေးနဲ့နီးတဲ့လုပ်ပေါက်တွေချည်းပဲ၊ ထမင်းစားရတာ ငြီးငွေ့နေပြီပေါ့ ..... ဟုတ်လား'
Jessica ကလည်း ကတ်ကတ်လန်အောင်ပြန်ပြီး ရန်တွေ့သည်။
'နင်ကရော .... ဘာဖြစ်လို့နောက်ကနေလိုက်ပြီး ၊ ငါလုပ်သမျှကို မျက်စိဒေါက်ထောက် ကြည့်နေရတာလဲ'
Yuriက တအံ့တသြဖြစ်သွားပြီး ........
'ဟာ ...... ဒါ .... နင့်ကိုဂရုစိုက်တာလေ ၊ ငါ နင့်ကို တတ်နိုင်သလောက် ဂရုစိုက်မိတာ အပြစ်လားဟာ'
သူ့စကားအနားသတ်ထဲတွင် နှမြောတသ ဝမ်းနည်းသံပါသွား၏။ Jessicaကတော့ တစ်ဖက်သား ဘယ်လိုခံစားရသည်ကို ဂရုစိုက်ပုံမပေါ်။ လေသံမာမာနှင့်ပင် ..........
'သူများရဲ့အယုအယကိုခံချင်နေတဲ့သူအဖို့ကတော့ ဂရုစိုက်တယ်ဆိုတာ ချိုမြန်တဲ့အရာဖြစ်ချင်ဖြစ်နေမှာပေါ့ ၊ ငါကတော့ လွတ်လပ်ချင်တယ်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်ချင်တယ်။ ငါ့အတွက်ကတော့ ဂရုစိုက်တယ်ဆိုတာ ချုပ်ချယ်မှုတစ်မျိုးပဲ၊ လူတွေဟာ ကိုယ့်အကျိုးစီးပွားမပါဘဲ တခြားသူတစ်ယောက်ကို ဂရုစိုက်တယ်ဆိုတာ ငါကတော့ လုံးဝအယုံအကြည်မရှိဘူး'
တစ်ဖက်စောင်းနင်းနိုင်လွန်းသောအတွေးဖြင့် ဇွတ်ပြောနေသည်မှာ ယဉ်ပါးအောင်မွေးမြူရခက်သော သားရိုင်းတိရစ္ဆာန်တစ်ကောင် ရန်လိုနေပုံမျိုးနှင့်ပင် တူနေသေးတော့သည်။
YOU ARE READING
Tomorrow Programme
Fanfiction'ဘ၀' ဆိုတဲ့ အရာကသာ သေချာရင် တီဗီမှာလို မနက်ဖြန် အစီအစဉ်ကို ကြိုတင်ပြီး ကြေညာချင်ပါတယ် . . .
