Part~14

502 57 2
                                    

Yuri စုံစမ်းကြည့်လိုက်တော့ လေလံအောင်သွားသော သူထံမှ အင်္ကျီပြန်ဝယ်ဖို့တော့ ဘယ်နည်းနဲ့မှမဖြစ်နိုင်မှန်း သိလိုက်ရသည်။ သို့သော် စီရော်နယ်ဒိုလက်မှတ်ထိုးထားသော အင်္ကျီအစစ်တစ်ထည်က စင်္ကာပူရှိ Souvenir ဆိုင်ပိုင်ရှင်တစ်ယောက်ဆီမှာရှိနေကြောင်း သတင်းလက်ဆောင်ပေးသွား၏။

ကံကောင်းချင်တော့ အဲဒီ Souvienir Shopပိုင်ရှင်ကလည်း မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်သည်ဟုဆိုသည်။ ဆိုင်ရှင်နာမည်က ဖာဟစ်နူရီကာဇင်(မ်)။ သူ့ဆိုင်က Kranjiမှာ။ မလေးရှားဘက်သို့ ကားဖြင့်သွားသည့် လမ်းကြောင်းပေါ်မှာပင်။ လိပ်စာရသည်နှင့်ချက်ချင်း Yuri ကျောပိုးအိတ်တစ်လုံးကိုကောက်လွယ်ပြီး Kranjiသို့ ထွက်ခဲ့တော့သည်။

Kranjiကိုရောက်တော့ လိပ်စာထဲကဆိုင်ကို သိပ်မရှာလိုက်ရ။ နာမည်လှလှလေးပေးထားသောကြောင့် ချက်ချင်းလိုပင် တန်းခနဲတွေ့သည်။

Dream Harp
Myanmar Souvenir Shop
(မြန်မာ့လက်မှုအနုပညာပစ္စည်း အမှတ်တရအရောင်းဆိုင်)

Yuriက ဆိုင်ထဲသို့ဝင်သွားပြီး ဆိုင်ပိုင်ရှင်ဖြစ်မည်ထင်ရသူကို ရှာသည်။ ကောင်တာနောက်မှာထိုင်နေသော မုတ်ဆိတ်မွှေး ဖားဖားခန္ဓာကိုယ်ခပ်ဖိုင့်ဖိုင့်နှင့် အသက်(၄၀)ကျော်အရွယ် လူတစ်ယောက်ကိုတွေ့သောအခါ Yuriက သူ့ကျောပိုးအိတ်ကို ဖုတ်ခနဲပစ်ချလိုက်ပြီး .....

'ကျွန်မ မစ္စတာဖာဟစ်နူရီကာဇင်(မ်)နဲ့ တွေ့ချင်လို့ပါ'

ဟု မြန်မာလိုပြောလိုက်၏။

ထိုသူက ....

'ကန်မလေး .... နင်က မြန်မာလား'

'ဟုတ်ကဲ့'

'ငါလည်း မြန်မာပြည်ကပဲ၊ ငါ့မှာ မြန်မာနာမည်ရှိတယ်၊ ကိုခင်မောင်မျိုးမြင့်သူ တဲ့'

Yuriက မုတ်ဆိတ်မွှေးကြီး၏မြန်မာနာမည်ကို ကြားလိုက်တော့ ....

'ဟာ .... နာမည်က ပျံလန်နေတာပဲ'

'ဟမ်း ... ကာဇင်(မ်)နော်၊ မြန်မာလူမျိုးကိုချစ်တယ်၊ မြန်မာ နာမည်လှလှလေးတွေကိုလည်း ချစ်တယ်၊ ကာဇင့်ဆိုင်နာမည်နော် ရေရေလည်လည် အပျံစားပေးထားတယ်၊ ကန်မလေး ... ကြည့်ပါလား၊ DREAM HARP အိပ်မက်စောင်း ... တဲ့'

Tomorrow ProgrammeWhere stories live. Discover now