'ဘာ ... လေးထောင့်ပုံဆယ်ပြားစေ့ ဟုတ်လား'
Sooyoung တအံ့တသြဖြင့် ဖုန်းထဲသို့ ပြန်မေးလိုက်သည်။ တစ်ဖက်မှ Yuriကတော့ ရယ်၍သာနေ၏။ Sooyoungက ...
'နေစမ်းပါဦး၊ နင်က ဆယ်ပြားစေ့ကို ဘာလုပ်မလို့လဲ၊ ဟူး ... ငါ့အမေဇာတိရွာမှာဆိုရင်လည်း အကောင်းသားဟာ၊ ရွာမှာဆို ငါ့ဘကြီးက အိမ်အတက်အဆင်း လှေကားထစ်တွေမှာ ဆယ်ပြားစေ့လေးတွေ သံမှိုရိုက်ပြီး ကပ်ထားတာဟ'
တစ်ဖက်မှ Yuriကတော့ .....
'ဘာဖြစ်လို့ ငါရှာခိုင်းသလဲဆိုတာ နောက်မှ ငါ အေးအေးဆေးဆေး ရှင်းပြပါ့မယ်ဟာ၊ ခုတော့ မသိချင်စမ်းပါနဲ့ဦး'
Sooyoungက ....
'နင်ကလည်း အချင်းချင်းတောင်လျှို့ဝှက်နေပြန်ပြီ၊ ထားပါတော့ ... နင်လိုချင်တဲ့ဟာကို မရရအောင်ရှာပြီး မနက်ဖြန် flightနဲ့ အမှီထည့်ပေးလိုက်မယ်၊ ဟုတ်ပြီလား'
'ကျေးဇူးပဲSooရာ၊ သေသေချာချာလေး လုပ်ပေးစမ်းပါဦး'
Sooyoungက ရယ်ရင်း ....
'စိတ်ချနေစမ်းပါဟာ၊ ငါ အာမခံပါတယ်၊ ဟုတ်ပြီလား၊ ဒါပဲနော် Yul'
ဟုပြောကာ ဖုန်းပြန်ချလိုက်စဉ်မှာပင် မိခင်ဖြစ်သူက အခန်းထဲဝင်လာရင်း ....
'ဟဲ့ .... ဘယ်သူ့ကိုများ အာမတွေခံနေရတာလဲ ... သမီးရဲ့'
Sooyoungက လှည့်ကြည့်လိုက်ရင်း ...
'ဪ .. မေမေ .. Yuriနဲ့ဖုန်းပြောနေတာပါ မေမေရဲ့။ စင်္ကာပူကနေ ဆယ်ပြားစေ့လိုချင်လို့ လှမ်းမှာနေတာလေ'
Sooyoung၏မိခင်က စဉ်းစားရခက်ဟန်ဖြင့် ....
'ဆယ်ပြားစေ့ ..... ဆယ်ပြားစေ့ကို သူက ဘာလုပ်မလို့တဲ့လဲ'
'အဲဒါတော့ သမီးလည်းမသိဘူး၊ ဆယ်ပြားစေ့ကတော့ ရမှကိုဖြစ်မှာတဲ့'
Sooyoung၏မိခင်က မျက်မှောင်ကုပ်ကာ ခေါင်းတညိတ်ညိတ်လုပ်ရင်း .....
'အေးလေ ... သူ့မှာလည်း အကြောင်းရှိလို့ဖြစ်မှာပေါ့၊ ဒါနဲ့ သူ့ကျန်းမာရေးအခြေအနေကကော ဘယ်လိုနေလဲ၊ ကောင်းတယ် မဟုတ်လား'
'အဲ ... ဟို ... ဒီလိုပါပဲ မေမေရယ်'
Sooyoungက ပြီးစလွယ်ပြောလိုက်သော်လည်း သူမမိခင်ကတော့ စားပွဲပေါ်ရှိ Sooyoungနှင့်Yuri နှစ်ယောက်တွဲရိုက်ထားသည့် ဓာတ်ပုံကိုငေးကြည့်ရင်း ....
YOU ARE READING
Tomorrow Programme
Fanfiction'ဘ၀' ဆိုတဲ့ အရာကသာ သေချာရင် တီဗီမှာလို မနက်ဖြန် အစီအစဉ်ကို ကြိုတင်ပြီး ကြေညာချင်ပါတယ် . . .