Part~9

595 65 17
                                        

ကျောက်ပျဉ်ပေါ်တွင် ရွှေရည်လိုအိစက်စေးပျစ်နေသော သနပ်ခါးတွေကို Yuriကြည့်ရင်း ရင်ခုန်နေသည်။

အဲသည်ရွှေအိုရောင် စေးပျစ်သောသနပ်ခါးတွေက Jessica၏ ပါးပြင်ပေါ်တွင် သွေ့ခြောက်သွားသောအခါ ကံ့ကော်ဝတ်ဆံဝတ်မှုန်လေးတွေလို ဖုံဖုံမှုန့်မှုန့်လေးများ ဖြစ်သွားကြ၏။

သူမငေးကြည့်နေသည်ကို Jessicaက မသိချင်ယောင်ဆောင်နေသည်။ ကဲ ...... ဘယ်လောက် နားရင်းအုပ်ပစ်ချင်စရာကောင်းတဲ့ သတ္တဝါမလေးလဲကွယ်၊ ကျောက်ပျဉ်ကို ဘယ်လိုဘယ်နည်းနဲ့ ရအောင်ယူလာရသလဲဆိုတာတစ်ခွန်းမှတောင် မေးဖော်မရ။

သိပ်ကို ဘုရင်မဆန်လွန်းသည်။

ထိုစဉ် .....

'တီတီ .... တီတီ .... တီတီ ...'

ဖုန်းမြည်လာသဖြင့် Yuriက ကောက်ကိုင်လိုက်ပြီး ......

'Hello'

'ဟဲ့ Yuri၊ နင် ဘယ်လိုဖြစ်တာလဲဟာ၊ ငါ့ညီမတွေဆီက ကျောက်ပျဉ်ကို အတင်းလုပြေးသွားတယ်ဆို'

Sooyoungက ညည်းညည်းတွားတွားဖြင့်မေးသည်။ Yuriက ......

'Sorry Sooyoungရာ၊ မတတ်သာလွန်းလို့ပါ၊ ငါ့မှာလည်း ငါ့အခက်အခဲနဲ့ ငါမို့လို့ပါဟာ၊ နောက်မှပဲ နင့်ညီမတွေကျေနပ်အောင် ဘယ်နည်းနဲ့တောင်းပန်ရ ... တောင်းပန်ရ .... ငါသွားပြီး တောင်းပန်လိုက်ပါမယ်'

'အေးဟာ လုပ်စမ်းပါဦး၊ တော်ကြာ ငါ့အဖိုးနဲ့ပြန်တိုင်ရင် ငါ့ကို ရေရေလည်လည်ကွိုင်ရှာမှာဟ'

'စိတ်မပူပါနဲ့ဟာ၊ ငါ တာဝန်ယူပါတယ်၊ အားလုံးပြေလည်အောင် ငါရှင်းပြလိုက်ပါမယ်'

'အေးပါ အေးပါ၊ ဒါပဲ Yuri'

Sooyoungဘက်က ဖုန်းချသွားတော့မှ Yuriလည်း 'ဟူး'ခနဲ သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်ရတော့သည်။

Jessicaက Yuriဖုန်းပြောနေသည်ကို တစ်ဝက်တစ်ပျက်ကြားလိုက်ရဟန်ဖြင့် ......

'နင် ဘာတွေလုပ်လာလို့ ဒီလောက်တောင် တောင်းပန်နေရတာလဲ၊ ဒီကျောက်ပျဉ်ကို နင် ရိုးရိုးသားသားရလာတာမှ ဟုတ်ရဲ့လား'

'အင်း ..... အမှန်အတိုင်းပြောရရင် သိပ်တော့မရိုးသားလှဘူး၊ ဒါပေမယ့် ငါ ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင်တော့ မလုပ်ခဲ့ပါဘူး၊ ဒီလိုလေ မနေ့တုန်းက ....... '

Yuriက သူမ Sooyoungညီမ Hyoyeonတို့ကို မလှိမ့်တပတ်လုပ်ပြီး အလစ်တွင် ကျောက်ပျဉ်ကိုမပြီး ထွက်ပြေးလာခဲ့သည့်အကြောင်း ရှင်းပြလိုက်၏။

Jessicaက သူမ၏ပါးစပ်ကို လက်ဖြင့် အသာကွယ်ကာ ရယ်ရင်း ...

'ကဲ .... အခု အဲဒီိစ္စကို ဘယ်လိုသွားရှင်းမလဲ'

'မသိသေးဘူး အခြေအနေကြည့်ပြီး ငိုပြသင့်ရင် ငိုပြရတော့မှာပဲ၊ ဒါမှမဟုတ် ကျွန်မအိမ်မှာရှိတဲ့ အရူးမလေးကို ချက်ချင်းဆေးကြိတ်ပြီးမှမတိုက်ရင် သွက်သွက်ခါအောင် သည်းခြေပျက်သွားမှာမို့လို့ပါလို့ အသနားခံရတော့မှာပဲ'

သူမစကားကြောင့် Jessicaက မျက်စောင်းထိုး၏။ Yuriက သူ့ဘာသာသူ တစ်ယောက်တည်းအသံထွက်ပြီး စဉ်းစားသလိုလို ဘာလိုလိုနှင့် .......

'အင်း .... ဟုတ်တယ်၊ ဒီလိုပြောလိုက်ရင် သူတို့က သနားသွားကြမှာပဲ၊ ကျွန်မအိမ်မှာ အရူးအလေးတစ်ယောက် ရောက်နေပါတယ်၊ သူ့ခမျာ ယောက်ျားကလည်း မြွေကိုက်လို့သေ၊ သားတစ်ယောက်ကလည်း ချောင်းထဲမှာရေနစ်သေသွားရှာတော့ သွက်သွက်ခါအောင်ရူးပြီး ဘရာစီယာဖြစ်နေရှာတယ် .... လို့ ပြောလိုက်မယ်'

Jessicaက မျက်စောင်းထိုးပြီး .....

'ရူးပြီး ဘရာစီယာဖြစ်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ'

'နင်ကလည်း ဒါလေးတောင်မသိဘူးလား၊ မြတ်စွာဘုရားနဲ့တွေ့တော့မှ တရားရသွားတဲ့ အရူးမဘရာစီယာလေ'

'ပဋ္ဋာစာရီပါဟယ်'

'ဪ ... အင်း .... ဟုတ်တယ် ... ဟုတ်တယ်၊ သူ့ကိုပြောတာ'

Yuri၏ ကို့ယို့ကားရားစကားကြောင့် Jessicaက စိတ်တိုဟန်ဖြင့် နှုတ်ခမ်းကို ဖိ၍ကိုက်သည်။

Yuriက သူမ၏မျက်နှာအနီးသို့ကပ်ကာ သွားဖြဲပြီး တဟီးဟီးရယ်ပြလိုက်၏။

Jessicaက .....

'ရတယ်လေ၊ နင့်ကိစ္စပဲ၊ နင့်ဘာသာနင် ဘယ်လိုရှင်းရှင်းပေါ့၊ ဪ .... ဒါနဲ့ တစ်လက်စတည်း ငါလိုချင်တာလေး မှာလိုက်ရဦးမယ်'

'ပြော .... ငါဘာလုပ်ပေးရမလဲ'

Jessicaက ပိုင်ပိုင်နိုင်နိုင် တစ်ချက်ပြုံးလိုက်ပြီး ........

'သူတို့ ဖျာလိပ်နတ်မေးတဲ့ဖျာကို ရအောင် နင်ယူလာပေးစမ်းပါ'


#TBC
Apirl 9, 2018

Tomorrow ProgrammeTempat cerita menjadi hidup. Temukan sekarang