'ရော့ ... ဒီမှာ'
Yuri အသံက အေးဆေးသည်၊ တည်ငြိမ်သည်။
Jessicaလက်ထဲမှ စီရော်နယ်ဒို၏လက်မှတ်ပါသော အင်္ကျီကိကိုတစ်လှည့် Yuriကိုတစ်လှည့်ကြည့်ရင်း .....
'နင် .. နင် .. တကယ်ရလာတယ် ... ဟုတ်လား'
Yuriက သိပ်အရေးမကြီးသည့် အမူအယာဖြင့် ...
'တကယ်တော့ ... လောကကြီးမှာ ခက်တယ်လို့ ပြောပြောနေကြတဲ့အရာတွေအားလုံးရဲ့ ၈၀%လောက်ဟာ တကယ်မလုပ်ကြည့်သေးဘဲနဲ့ ကြိုတင်ပြီး အားလျော့နေတာပါဟာ၊ ငါ့အတွက်တော့ ....'
'ဟင် ... နင့်နှာခေါင်းမှာ .. သွေးတွေ'
Yuriနှာခေါင်းမှ စီးလျှံကျလာသောသွေးတွေကိုမြင်ပြီး Jessicaက အထိတ်တလန့်အော်လိုက်သည်။
Yuriက တစ်ရှူးစက္ကူစယူ၍ စီးကျလာသောသွေးတွေကို သုတ်ပစ်ရင်း ...
'ရတယ် .. ရတယ် ... ဘာမှမဖြစ်ဘူး၊ ငါက ဒီလိုပဲ တစ်ခါတလေ နှာခေါင်းသွေးလျှံတတ်တယ်'
'အို ... အဲ့လိုပြီးစလွယ်မပြောနဲ့လေ၊ သွေးတွေက အများကြီးထွက်နေတဲ့ဥစ္စာ၊ လာ .. ဒီမှာထိုင်'
Jessicaက ပျာပျာသလဲဖြင့် ရေခဲသေတ္တာထဲမှ ရေခဲတုံးအသေးလေးများကို ဇလုံဖြင့်ထည့်ကာ ယူလာပေးသည်။ ပြီးတော့ စနိုးတာဝါအဝတ်ပါးစဖြင့် ရေခဲတုံးများကိုအုပ်ပြီး ...
'ဒါကို ရှူလိုက်'
Yuriက ....
'ရေခဲနဲ့လုပ်ရတာလား၊ တချို့ကျတော့လည်း ရေနွေးငွေ့နဲ့ ပေါင်းထားတဲ့အဝတ်စကို ငယ်ထိပ်ပေါ်မှာ ငါးမိနစ်လောက်အုပ်ပေးရတယ်လို့ ပြောကြတယ်'
'ဟာ ... အဓိပ္ပာယ်မရှိတာ၊ အေးမှ သွေးကြောလေးကျုံ့သွားပြီး သွေးထွက်တာရပ်မှာပေါ့'
Yuriက ဘာမှပြန်မပြောတော့ဘဲ Jessicaလုပ်သမျှကိုသာ ပြုံးပြီးကြည့်နေလိုက်တော့၏။
ကုသခြင်းဆိုသည်မှာ ကုထုံးကို ယုံကြည်သူအတွက်ဖြစ်ပါသည်။
▪️
လူတွေဘဝကိုရင်ဆိုင်နေကြသည်မှာလည်း ကိုယ်ယုံကြည်ရာကုထုံးနှင့် ကိုယ်ကုသနေသလိုမျိုးပဲ မဟုတ်ဘူးလား။
BINABASA MO ANG
Tomorrow Programme
Fanfiction'ဘ၀' ဆိုတဲ့ အရာကသာ သေချာရင် တီဗီမှာလို မနက်ဖြန် အစီအစဉ်ကို ကြိုတင်ပြီး ကြေညာချင်ပါတယ် . . .
